ဒုတိယအကြိမ်မြောက် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

ဒုတိယအကြိမ်မြောက် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပလျက်ရှိသည်။

ပထမအကြိမ် ဖိုရမ်ကို ပြီးခဲ့သည့် ၆ လက နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်အား စစ်တွေမြို့ရှိ ရွှေကရုဏာခန်းမ၌ ဒီဇင်ဘာလ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၇ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပနေခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်နှင့် သဘောတူညီချက်မရသေးသောကြောင့် ကျင်းပခွင့် မရရှိသေးသည့် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးလဆွေးနွေးပွဲအား ကျင်းပခွင့် ရရှိလာပါက ထို ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမည့် အရပ်ဖက် အဖွဲ့အစည်းများ၏ တင်ပြချက်များအတွက် ယခု ဖိုရမ်ကို ကျင်းပရခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။

“ NCA စာချုပ်မှာပါတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အရပ်ဖက်အဖွဲ့အစည်းများ အကြောင်းအရာလိုက် ဆွေးနွေးမှုကဏ္ဍကို အရပ်ဖက်အဖွဲ့အစည်းက အသံတွေကို စုမိဖို့အတွက် တိုင်းနှင့်ပြည်နယ်အလိုက် ငြိမ်းချမ်းရေးဖိုရမ်တွေ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို ပြုလုပ်တယ်။ နောက်ဆို မြို့နယ်တွေမှာ ကော်မတီတွေ တိုးချဲ့ဖွဲ့စည်းပြီး လူထုကြားမှာ ငြိမ်းချမ်းရေးနှင့် ဆိုင်တဲ့ ပညာပေးမှုတွေကို ပြောပြမယ်။ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ စစ်တပ်တစ်ခုတည်းမဟုတ်။ လူထုအားလုံးပါဝင်ရပါမယ်။” ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖိုရမ်ကော်မတီဝင် ဦးပြည်သိန်းက RiA သို့ ပြောသည်။

ယင်းအပြင် ဤဖိုရမ်၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးကဏ္ဍ၊ ဖက်ဒရာယ်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးတို့ကို အလေးပေး ဆွေးနွေးသွားမည်ဟု ဖိုရမ်အား ဦးဆောင်ကျင်းပသူများ၏ ပြောကြားချက်အရ သိရသည်။

June 3, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်...
June 2, 2026
ယမင်းဖူးပွင့်အောင် — ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို စစ်အုပ်စုတပ်က စစ်ကား အစီး ၂၀၀ ဖြင့်...
June 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာပေးပို့ထားခြင်း...
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...