SNLD ပါတီ ကျိုင်းတောင်းမြို့နယ်ခွဲတွင် ရုံးခွဲထပ်ဖွင့်

SNLD ပါတီ ကျိုင်းတောင်းမြို့နယ်ခွဲတွင် ရုံးခွဲထပ်ဖွင့်

သျှမ်း(ရှမ်း)ပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးခွဲဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

၂၀၁၇ ခုနှစ် နို၀င်ဘာလ ၂၈ ရက်နေ့က ကျိုင်းတောင်းမြို့နယ်ခွဲတွင်ရုံးခွဲဖွင့်လှစ်ခြင်းဖြစ်ပြီး သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ မိုင်းကိုင်၊ ကျေးသီး၊ လဲချား၊ မိုးနဲ၊ ကွန်ဟိန်း၊ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ နမ့်စန် တို့မှ SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ အပြင် ဒေသခံလူထု စုစုပေါင်း ၄၀၀ ကျော် ဖွင့်ပွဲတက်ရောက်ကြောင်း  သိရသည်။

မိုးနဲမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းမျိုးမြင့်က – " ဒေသတွင်းလူထုရဲ့အခက်အခဲတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းပေးနိုင်ဖို့အတွက် ရုံးခွဲဖွင့်လှစ်ရတာဖြစ်ပါတယ်။  ဒေသခံလူထုတွေကို မိမိတို့ရဲ့ အခက် အခဲတွေကို နီးစပ်ရာ ကျားခေါင်းပါတီရုံးတွေမှာသွားရောက်ပြောကြားဖို့ တိုက်တွန်းလိုပါတယ် "– ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

SNLD ပါတီကျိုင်းတောင်းရုံးခွဲကို ကျိုင်းတောင်းမြို့ရပ်ကွက် ၅ တွင် ဖွင့်လှစ်ထားပြီး SNLD ကျိုင်းတောင်းမြို့နယ်ခွဲ ပါတီဥက္ကဌမှာ စိုင်းအောင်သန်း၊ ဒုဥက္ကဌမှာ စိုင်းမွန်းမိန်း၊ အတွင်းရေးမှူးမှာ စိုင်းဇင်တို့ဖြစ်ကြပြီး အလုပ်အမှုဆောင် ၁၀ ဦးရှိသည် သိရသည်။

Most read this week

May 3, 2024
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများ ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို...
May 3, 2024
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (...
May 2, 2024
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့ ပြန်လည်ထိန်းချုပ်ထားပြီးနောက်...
April 29, 2024
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ...