တိုက်ပွဲများကြောင့် FPNCC အစည်းအဝေးမခေါ်ယူနိုင်သေး

တိုက်ပွဲများကြောင့် FPNCC အစည်းအဝေးမခေါ်ယူနိုင်သေး

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)  အစည်းအဝေးကို ယခုလ နိုဝင်ဘာလအတွင်း ခေါ်ယူနိုင်ရန် ကြိုးစားနေသော်လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ခေါ်ယူနိုင်သေးခြင်းမရှိကြောင်း ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗုုိလ်မှူးချူပ် တာ့ဘုုန်းကျော် က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ခေါင်းဆောင်တွေကလဲ တိုက်ပွဲတွေကြောင့် အလုပ်အရမ်းရှုပ်နေတယ်၊ ခရီးသွားဖို့အခက်အခဲတွေရှိနေတယ်။ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ အားလုံးနိုင်အောင် ရက်ညှိနှိုင်းနေကြပါတယ်" ဟု တာ့ဘုန်းကျော်က ဆိုသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် တရုတ်- မြန်မာ နယ်စပ် အခြေစိုက် ဝအဖွဲ့ (UWSA) ၊ တအာင်းလွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့သည် ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ကို ယခုနှစ် ဧပြီလအတွင်း၌ ဖွဲ့စည်းထားသည်။

ယင်းကော်မတီအနေဖြင့် အစိုးရလက်ရှိလုပ်ဆောင်နေသည့် NCA ကိုလက်ခံခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးခွင့် ရရှိရန် ကြိုးစားနေပြီး လက်ရှိတွင် ယင်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် တအာင်းလွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO) တို့ဖြင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေသည်။

အစိုးရအနေဖြင့် FPNCC ကော်မတီကို လက်ခံထားခြင်းမရှိသော်လည်း ယင်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် '၀' နှင့် မိုင်းလားအဖွဲ့ကို သွားရောက် တွေ့ဆုံ့ထားသည်။ ယင်းအပြင် အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များကို တရုတ်အထူးသံကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က  ကူမင်းမြို့၌ တွေ့ဆုံထားပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုက်တွန်းထားသည်။

ယခုပြုလုပ်ရန် ညှိနှိုင်းနေဆဲဖြစ်သည့် FPNCC ကော်မတီအစည်းအဝေးတွင် အဆိုပါကိစ္စရပ်များကို ဆွေးနွေးသွားမည်လည်း ဖြစ်သည်။

Most read this week

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...