တစ်ဖန်ပြန်လည်အသက်ဝင်လာတဲ့ မော်လမြိုင်ကရုပ်ရှင်ရုံ

တစ်ဖန်ပြန်လည်အသက်ဝင်လာတဲ့ မော်လမြိုင်ကရုပ်ရှင်ရုံ
by -
ထိုက်ထိုက်

အရင်တုန်းကမော်လမြိုင်မြို့ မှာ သီရိမြိုင်ရုံ၊ သံလွင်ရုံ၊ နန်းတော်ရုံ၊ မောရဝတီရုံ၊ ဘုရင့်ရုံ နဲ့ အောင်စင်္ကြရုံ ဆိုပြီး၊ ရုပ်ရှင်ရုံ (၆)ရုံရှိခဲ့ကာ၊ အဲဒီ ရုပ်ရှင်ရုံတွေကို ပြည်သူပိုင်သိမ်းတာတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနက ပြသတာတွေရှိခဲ့ပါတယ်။

ပြန်ကြားရေးဌာနက ရုပ်ရှင်ရုံတွေကို လေလံတင်ရောင်းချခဲ့ရာမှာတော့ ပုဂ္ဂလိကကုန်သည် များနဲ့ မူလပိုင်ရှင်တွေက လေလံဆွဲဝယ်ယူခဲ့ပြီး၊အဲဒီနောက် တစ်နှစ်၊ နှစ်နှစ်လောက်သာ ရုပ်ရှင်ပြသခဲ့ကာ ပြန်လည် ပိတ်ထားခဲ့ကြပါတယ်။

အခု Paradiso Cinemas ကုမ္ပဏီရဲ့ ရုပ်ရှင်ရုံ(၁ဝဝ) စီမံချက်မှာ (၁ဝ)ရုံမြောက်အဖြစ် မော်လမြိုင်မြို့၊ ကွင်းရပ် ရပ်ကွက်၊ အထက်လမ်းမကြီးမှာရှိတဲ့ ယခင် သီရိမြိုင်ရုပ်ရှင်ရုံကို Mawlamyine Paradiso ရုပ်ရှင်ရုံလို့ အမည်ပြောင်းလဲပြင်ဆင်ပြီး ပြည်သူတွေကို နိုဝင်ဘာ(၉)ရက်နေ့ နံနက်(၉)နာရီခွဲမှ စတင်လို့ ရုပ်ရှင်စတင်ပြသနေပါပြီ။

အဲဒီ ရုပ်ရှင်ရုံထဲမှာ ရုံ(၂)ရုံပါရှိပြီး၊ ရုပ်ရှင်ဇာတ်ကား(၂)ကားကို တစ်ပြိုင်တည်းပြသနိုင်အောင် အဆင့်မြင့်တင်ထားပါတယ်။ တစ်ကြိမ်မှာ ရုပ်ရှင်ကြည့် ပရိသတ်တွေ အယောက်(၅၅ဝ) အထိ ကြည့်နိုင်မှာဖြစ်သလို ၊ရုံးပိတ်ရက်တွေမှာတော့ တစ်နေ့(၄)ပွဲ နဲ့ ရုံးဖွင့်ရက်မှာ တစ်နေ့ (၃)ပွဲ ပြသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ရုပ်ရှင်လက်မှတ်ခတွေအနေနဲ့ကတော့ 2Dရုပ်ရှင်ဇာတ်ကားအတွက် ကျပ် ၁၂ဝဝ ၊ ၁၇ဝဝ ၊ ၂၂ဝဝ နဲ့ နှစ်ယောက်တွဲခုံအတွက် ၅၄ဝဝ သတ်မှတ်ထားပြီး 3D ရုပ်ရှင်ဇာတ်ကားအတွက် ကျပ် ၁၅ဝဝ ၊ ၂ဝဝဝ ၊ ၂၅ဝဝ နဲ့ နှစ်ယောက်တွဲခုံအတွက် ၆ဝဝဝ သတ်မှတ်ထားပါတယ်။

Paradiso Cinemas ကုမ္ပဏီအနေနဲ့ ရုံ(၁ဝဝ)စီမံကိန်းကို ၂၀၁၇ခုနှစ်ကလို့ နှစ်နှစ်အတွင်း လုပ်ဆောင်သွားမှာဖြစ်ပြီး လတ်တလောမှာ မှော်ဘီ၊ ဖျာပုံ၊ အောင်ပန်း၊ သထုံ၊ ကျောက်ပန်းတောင်း၊ မတ္တရာ၊ ရွှေဘို၊ မုံရွာနဲ့ဘိုကလေးမြို့တွေမှာ ပြသနေပြီဖြစ်သလို ဆက်ပြီတော့လည်း ပျဉ်းမနား၊ ရမည်းသင်းနဲ့အခြားမြို့တွေမှာလည်း ဖွင့်လှစ်ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

မော်လမြိုင်ကမ်းနားလမ်းမှာရှိတဲ့ ဘုရင့်ရုပ်ရှင်ရုံအဟောင်းကိုလည်း မင်္ဂလာကုမ္ပဏီအုပ်စုက ပြန်လည်ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေပြီ၊း ဒီနှစ်အတွင်း ပြသနိုင်အောင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

မော်လမြိုင်မှာ အိပ်မက်ရှည်မက်နေတဲ့ ရုပ်ရှင်ရုံတွေ ပြန်လည်နိုးထအသက်ဝင်လာတော့မယ်လို့ ဆိုရပေတော့မည်။

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...