ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း မြန်မာ စစ်သားများ စခန်းချ

ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း မြန်မာ စစ်သားများ စခန်းချ
by -
ကေအဲန်ဂျီ
ကချင် ပြည်နယ် မိုးကောင်း-ဖားကန့် လမ်း Gauri ကျေးရွာ ကချင် ခရစ်ယာန် ဘုရားကျောင်းဝင်း အထဲမှာ မြန်မာ အစိုးရ တပ်များ စခန်းချနေကြောင််း ဒေသခံများက ပြောကြားသည်။

အင်အား ၃၀ ခန့်ရှိ အစိုးရ စစ်သားများသည် Gauri (ဂေါ်ရီ) ကျေးရွာ Manden (မန်ဒင်း) ICM ဘုရားကျောင်းဝင်း အထဲမှာ ယနေ့၊ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းမှ စတင် ၀င်ရောက်လာပြီး ညနေပိုင်း အထိ ဆက်ရှိ နေသည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

Gauri ကျေးရွာ သည် မိုးကောင်းနှင့် ကားမိုင်း ကြား တည်ရှိပြီး ယင်း ကျေးရွာ တဝိုက်တွင် ပြီးခဲ့သည့် သြဂုတ်လ နောက်ပိုင်း အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) ကြား မကြာခဏ တိုက်ပွဲဖြစ်သည့် နေရာလည်း ဖြစ်သည်။

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် KIA တပ်ရင်း (၃)၊ Sadung (ဆဒုံ) ဒေသမှာလည်း အစိုးရတပ်များ အင်အားတိုး လှုပ်ရှားနေဆဲဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။
KIA မိုင်းထိ၍ စစ်သား ၃ ဦး သေဆုံး

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမပေါ် Shahtu Zup (ရှထူးဇွပ်) ရွှေမှော်မှာ စစ်ရေး လှုပ်ရှားနေသည့် အစိုးရ တပ်က ယမန်နေ့၊ စက်တင်ဘာ ၅ ရက်နေ့မှာ KIA ထောင်ထားသော မိုင်း ထိပြီး ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။

မည်သည့် တပ်ရင်း ဖြစ်ကြောင်း အတည်မပြုနိင်သေးသော တပ်မတော် စစ်ကြောင်းက Shahtu Zup ကျေးရွာ အနောက်ဘက် KIA တပ်ရင်း (၁၄) နယ်မြေ Hka Dap Zup (ခ ဒ ဇွပ်) ရွှေမှော်ဘက်ကို ၀င်ရောက် လှုပ်ရှားထွက် လာစဉ် KIA မိုင်းဖြင့် တိုက်ခိုက် ခံရခြင်းဖြစ်သည်။

သြဂုတ် လဆန်းပိုင်းမှ Shahtu Zup ရွှေမှော်သို့ တပ်မတော် က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် လာခြင်းကြောင့် KIA တပ်ရင်း (၁၄) နှင့် ယခုအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

သြဂုတ် ၃၁ မှ စက်တင်ဘာ ၄ ရက်ထိ နေပြည်တော် မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနေစဉ် အစိုးရ စစ်အင်အားများကို ဟူးကောင်းချိုင့်ဝှမ်း KIA တပ်မဟာ (၂) နယ်မြေ တနိုင်းဘက် သို့ ပို့ခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...