ကျောင်းသူကျောင်းသားများတက်တူးမထိုးကြဖို့ တောင်ကြီးမြို့အထက ၅ ကျောင်းအုပ်ကြီးပြော

ကျောင်းသူကျောင်းသားများတက်တူးမထိုးကြဖို့ တောင်ကြီးမြို့အထက ၅ ကျောင်းအုပ်ကြီးပြော
by -
ဟွမ်ဟိန်း

သျှမ်းပြည်မြို့တော်တောင်ကြီး အထက ၅ ကျောင်းတွင် ကျောင်းသားလေးများ တက်တူးမထိုးကြရန် ကျောင်းအုပ်ဆရာမကြီးက ပြောဆိုတိုက်တွန်းလိုက်ပြီး ကျောင်းသားမိဘများအားခေါ်ယူသတိပေး လက်မှတ်ရေးထိုးထားခိုင်းသည်ဟု သိရသည်။

တဖက်တွင်လည်း နိုဝင်ဘာလ ၁၀ ရက်နေ့ သောကြာနေ့က တက်တူးထိုးထားသည့် ကျောင်းသား လေးအချို့အား စစ်ဆေးရုံတွင် သွားဖျက်ခိုင်းရသည်မှာ ကျောင်းသားလေးများအား အနာဂတ်တွင် နိုင်ငံသားကောင်းများ ဖြစ်စေရန်အတွက်ရည်ရွယ်ကြောင်း ကျောင်းအုပ် ဆရာမကြီးက ပြောဆိုသည်။

“ကလေးတွေတက်တူးထိုးတာမကောင်းဘူး။ မကောင်းတဲ့ဟာကို ဆရာမကြီးတို့က တားနေတာ။ တက်တူးဖျက်ပေးရတဲ့ ရည်ရွယ်ချက် ၃ ခုရှိပါတယ်။ ၁- ကိုယ့်ကျောင်းသားလေးတွေကို နိုင်ငံသား ကောင်းဖြစ် စေချင်တယ်။ ၂- ဒီလိုတက်တူးတွေဘာတွေထိုးရင် သူတို့လေးတွေရဲ့ တက်လမ်း ထိခိုက် မှာကိုလည်း စိုးတယ်။ ၃- အခုလို မဟန့်တားရင် ဒီထက်ပိုပြီးပျံ့ပွါးလာမှာကိုစိုးတယ်။ ဒါကြောင့် ကျောင်းစည်းကမ်း အရ ဖျက်ခိုင်းရတာ ဖြစ်တယ်” – ဟု တောင်ကြီး မြို့ အခြေခံပညာအထက်တန်း ကျောင်း မှ ကျောင်း အုပ် ဆရာမကြီး ဒေါ်ဆွေဆွေအောင်ကပြောသည်။

တက်တူးထိုးထားသည့် ကျောင်းသားမိဘများအားလည်း နိုဝင်ဘာလ ၁၄ ရက်က ထပ်မံခေါ်တွေ့ ကြောင်း၊ တက်တူးထိုးထား သည့် ကျောင်းသားများအနေဖြင့် မဖြစ်မနေ ဖျက်ရမည်ဖြစ်ကြောင်း၊ မဖျက်ပါက ကျောင်းစည်းကမ်းနှင့် ညှိစွန်းမည်ဖြစ်ကြောင်း ကျောင်းသားမိဘတဦးကလည်း ဤကဲ့သို့ပြောသည်။

“အခုလိုခေါ်တွေ့တာကောင်းတယ်။ မဟုတ်ရင်တက်တူးဖျက်လို့ ကလေးအသားတွေအက်ပြီး ချုပ် ရတယ်။တက်တူးဆိုတာက ထိုးတဲ့ အချိန် သိပ်မနာ ပေမယ့် ဒီလိုဖျက်ပြီး အသက်အန္တရာယ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲ နော်။ ဘာမဆို ကျောင်းသား မိဘ ပူးပေါင်း လုပ်တာ ကောင်းတယ်။ ခေတ်မှီတဲ့ စက်နဲ့ လေဆာစက်နဲ့ ဖျက် ရင် တော့ကလေးလဲ သက်သာတာပေါ့။ ” – ဟု ကျောင်းသား မိဘ တဦး က ပြောသည်။

လက်ရှိတွင် ကျောင်းသားများအား တက်တူးဖျက်ခိုင်းနေသည်မှာ အထက ၅ ကျောင်းတခု တည်းသာရှိ နေပြီး ကျန်ကျောင်းများတွင်မူ တက်တူးဖျက်ခိုင်းခြင်းမရှိသေးပေ။

တောင်ကြီးမြို့တွင် အထက်တန်းကျောင်း ၇ ကျောင်းရှိရာ အထက ၄ ကျောင်းမှာနှစ်စဉ် တက္ကသိုလ် ဝင်တန်း အောင်ချက်အများဆုံးကျောင်းတကျောင်းဖြစ်ကြောင်း၊ အထက ၅ နှင့် အထက ၁ ကျောင်း တို့မှာ တက္ကသိုလ်ဝင်တန်း အောင်ချက် ဒုတိယ နှင့် တတိယ နေရာ လိုက်ကြောင်း တောင်ကြီးမြို့နေ ဆရာမနန်းခမ်းက ပြောသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...