ပင်လယ်ထဲက မျောပါလာတဲ့ စိတ်ကြွဆေးပြား ၂၂ သိန်းကျော် ရသေ့တောင်မှာ ဖမ်းမိ

ပင်လယ်ထဲက မျောပါလာတဲ့ စိတ်ကြွဆေးပြား ၂၂ သိန်းကျော် ရသေ့တောင်မှာ ဖမ်းမိ
by -
နိရဥ္စရာ
 မောင်တောတွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို တွေ့ရစဉ်
မောင်တောတွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော် ပင်လယ်ကမ်းခြေတွင် ဆာလာအိတ် ၉ အိတ်နှင့် အတူ မျောပါလာသော စိတ်ကြွဆေးပြား ၂၂ သိန်းကို စက်တင်ဘာလ ၂ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောသည်။

“ စုပေါင်း ဆေးပြား ၂၂ သိန်း ၆ သောင်း  ဖြစ်ပါတယ်။ ကာလ ပေါက်စျေး တန်ဖိုး ကျပ်သန်းပေါင်း  ၄၅၂၀  ဖြစ်ပါတယ်။ ဒီကနေ့ မနက်က တံငါသည်တစ်ဦးက  ပင်လယ်ထဲမှာ တွေ့ရှိခဲ့ရာကနေ သိမ်းဆည်း မိတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ယနေ့ နံနက်က အငူမော်ကျေးရွာမှ တံငါသည် တစ်ဦးမှ ၎င်းဆေးပြား ၂၂၆၀၀၀၀ ကို ဆာလာအိတ် ၉ အိတ်နှင့် အတူ မျောပါလာသည်ကို နံနက် ၉ နာရီခန့်က တွေ့ရှိရ၍ ဆယ်ယူခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက  တဆင့် မြို့နယ် အုပ်ချုပ်ရေးမှူးသို့ အကြောင်း ခဲ့ကြောင်း၊ သတင်းရလျှင် ရချင်း အဆိုပါ ကျေးရွာသို့ နယ်ခြားစောင့်တပ်ဖွဲ့များ လိုက်ပါသွားခဲ့ကြပြီး ၎င်းဆေးပြားများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂ရက်တွင် မောင်တောမြို့၌ စိတ်ကြွဆေးပြား လေးသောင်းဖမ်းမိခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့က နှစ်သိန်းကျော်ဖမ်းမိခဲ့သည်ဟု သိရသည်။

“ စုစုပေါင်း တစ်ပတ်အတွင်း မောင်တောမှာ ဖမ်းမိတာ ၄ သိန်းကျော်ရှိပါတယ်။ နယ်ခြားစောင့်တပ် ကလည်း မနေ့ ဖမ်းမိတာ ရှိပါတယ်။ ဘယ်ကို အဓိက ဦးတည်ပြီး ယူဆောင်လာသလဲဆိုရင် စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ပြောလို့ မရသေးပါဘူး” ဟု မောင်တောမြို့ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် လွမ်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ်သည် စိတ်ကြွဆေးပြား ထုတ်လုပ်သော နေရာ ဒေသ တစ်ခု မဟုတ်သော်လည်း တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်ဘက် ထုတ်လုပ်သည့် စိတ်ကြွဆေးပြားများ ကို ဘင်္ဂလာဒေ့ရှ်သို့ တင်ပို့ရာတွင် ကြားခံ  နယ်မြေ ဖြစ်အသုံးပြုနေကြကြောင်း သိရသည်။

ယခုလောက်များပြားသော စိတ်ကြွ ဆေးပြားများ ရခိုင်ဒေသသို့ အလုံးအရင်းနှင့်   ၀င်ရောက်လာနေခြင်း အပေါ် ပြည်သူများ အနေဖြင့် အထူး အံ့သြ နေကြသည်ဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...