လီဒို လမ်းမပေါ် အစိုးရတပ်နှင့် KIA တပ်ရင်း ၂၀ တိုက်ပွဲ ဖြစ်

လီဒို လမ်းမပေါ် အစိုးရတပ်နှင့် KIA တပ်ရင်း ၂၀ တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၂၀ ကြား ကချင်ပြည်နယ် လီဒိုလမ်းမပေါ် ယနေ့ သြဂုတ် ၃၀ မှာ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောကြားသည်။

နမ္မတီး ဘက်မှ Shahtu Zup (ရှထူးဇွပ်) ဘက်သို့ တက်လာသည့် အင်အား ၂၀ ကျော် တပ်မတော် စစ်ကား တစ်စီး ကို နောင်းမီ ရွာဟောင်း အနီး KIA တပ်ရင်း ၂၀ မှ ဟန့်တား တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွား ခြင်းဖြစ်သည်။

ဒေသ စံတော်ချိန် ၁ နာရီကျော်မှာ နောင်းမီ (Nawng Mi) ဘက်မှ ကျယ်လောင်သည့် ပေါက်ကွဲသံများ ကြားရကြောင်း ပတ်ဝန်းကျင်မှ ရွာသား တဦး ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

KIA တပ်မဟာ (၂) လက်အောက် တပ်ရင်း (၁၄) ထိန်းချုပ်သော Shahtu Zup (ရှထူးဇွပ်) ရွှေမှော်များသို့ တပ်မတော် က အင်အား အလုံးအရင်းဖြင့် ယခု လဆန်းပိုင်းမှ ထိုးစစ်ကြီးဆင်ခဲ့သည်။ ယင်းနောက် နှစ်ဖက် တိုက်ပွဲများသည် ရွှေမှော်နှင့် လီဒိုလမ်းမ တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

နမ္မတီးမြို့ (Namti) အနီး KIA တပ်ရင်း (၁၁)၊ Kasung Yang (ကဆုန်ယန်) ရွာ ဘက်မှာ လည်း ပြီးခဲ့သည့် အပတ်မှ အစိုးရ စစ်ကြောင်းများ လှုပ်ရှား လာခြင်းကြောင့် နှစ်ဖက် စစ်ရေး တင်းမာမှုများ ရှိလာကြောင်း ဒေသခံများ ဆိုပါသည်။

ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်သည့် မြန်မာ နိုင်ငံ၏ ‘၂၁ ရာစု ပင်လုံ ညီလာခံ’ ကို သြဂုတ် ၃၁ ရက်မှ နေပြည်တော်မှာ ကျင်းပရန် ယနေ့ တစ်ရက် အလိုထိ နိုင်ငံ မြောက်ပိုင်း ကချင် ဒေသများတွင် အစိုးရတပ်နှင့် KIA ကြား တိုက်ပွဲများ ဖြစ်ပွားနေပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...