တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေး တောင်ကုတ်တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေး တောင်ကုတ်တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ပေါက်ပြင်ကျေးရွာသား ကိုဇော်လွင်သည် သြဂုတ်လ ၂၉ ရက် နံနက် ၈ နာရီခန့် ရခိုင်ပြည်နယ် အတွင်း တရားစီရင်ရေး မဏ္ဍိုင်တည့်မတ် မှန်ကန်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

FB IMG 1472436514768“ကျွန်တော်တို့ အောက်ခြေလူတန်းစား အများပြည်သူတွေအတွက်က တရားဥပဒေဆိုတာ မှန်ကန်မှုမရှိဘူး။ ဘက်လိုက်မှု တွေရှိနေတယ်။ ဒီအတွက် တောင်ကုတ်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ် အတွင်း တရား စီရင်ရေးနှင့် တရားဥပဒေပိုင်းဆိုင်ရာတွင် မှန်ကန်ပြီး တရားမျှတမှုဖြစ်စေဖို့ ခုလို တစ်ကိုယ်တော် ကန့်ကွက် ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု တစ်ကိုယ်တော် ဆန္ဒပြသူ ကိုဇော်လွင်မှ နိရဥ္ဇရာသို့ပြောသည်။

တောင်ကုတ်မြို့နယ် အပါအဝင် ရခိုင်ပြည်နယ် အတွင်း တရားစီရင်ရာတွင် ဘက်လိုက်မှုများ ရှိနေကြောင်း ကိုဇော်လွင်မှ ဆက်လက် ပြောကြားသည်။

မည်သည့် အမှုတွင် တရားစီရင်ရာ၌ ဘက်လိုက်မှုများရှိနေပါသလဲဟုမေးမြန်းရာ သူက “ ဒီလိုတော့ မပြောချင်ပါဘူး။ ဒါပေမယ့် တရားစီရင်တဲ့ အမှုတော်တော်များ မှန်ကန်ပြီး တရားမျှတမှု မရှိဘဲ ဘက်လိုက်မှု ရှိတယ်လို့ဘဲ ပြောချင်ပါတယ်။ ကျွန်တော်စိတ်ထဲမှာလည်း ဒီလိုဘဲ ခံစားနေရတဲ့ အတွက် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ရတာပါ” ဟု ဆက်လက် ပြောဆိုသည်။

တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူ ကိုဇော်လွင်သည် တောင်ကုတ်မြို့ ဖောင်တော်ဦးဘုရားမှ စတင် ထွက်ခွာလာပြီး  မြို့တွင်းလမ်းမများ ပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...