အစိုးရ နှင့် KIA ရှမ်းမြောက်တွင် တိုက်ပွဲ ဖြစ်

အစိုးရ နှင့် KIA ရှမ်းမြောက်တွင် တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ နှင့် အစိုးရတပ် ကြား ယနေ့ သြဂုတ် ၂၈ ရက်နေ့ မနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

KIA တပ်မဟာ ၄ အောက် တပ်ရင်း ၉ တပ်ဖွဲ့များ စခန်းချနေသော နားဖိုင် (Na Hpai) အရှေ့ဘက်ရှိ ဟူလောင်း (Hu Long) တောင်ကို အစိုးရတပ်များ ဝင်ရောက် ပစ်ခတ်လာသည့် အတွက် တို်က်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီးနော်ဘူက ပြောသည်။

အစိုးရတပ်မ ၉၉ နှင့် ဖြစ်ပွားခဲ့သည့် ယနေ့ တိုက်ပွဲတွင်း နှစ်ဖက် ထိခိုက် ဒဏ်ရာ ရရှိမှု စာရင်းကို မသိရသေးဟု ဒုဗိုလ်မှုးကြီး နော်ဘူက ဆိုပါသည်။

တိုက်ပွဲမှာ မနက် ၁၀ နာရီ ခန့်မှ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အစိုးရဘက် ထိခိုက်မှု များသည်ဟု KIA ရှေ့တန်း သတင်းများအရ သိရသည်။

အစိုးရတပ် နှင့် KIA ကြား ယခု လဆန်းပိုင်းမှ ကချင်ပြည်နယ် အတွင်း နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွား နေသော်လည်း ယနေ့ သြဂုတ် ၂၈ ရက်တွင် ကချင်ပြည်နယ်တွင်း မဖြစ်ပွားဘဲ ရှမ်းမြောက်တွင်သာ ဖြစ်ပွားခဲ့သည်။

နိုင်ငံတော် အတို်င်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ” ကို KIO အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အစီစဉ်ဖြင့် တက်ရောက်သွားမည်ဟု သြဂုတ် ၂၇ ရက်နေ့တွင် KIO ဒု ဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ဂွမ်မော်က ကချင်ပြည်သူလူထုကို အသိပေးတင်ပြထားသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...