KIA တပ်ရင်း (၃) နယ်မြေမှာ အစိုးရတပ်နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်

KIA တပ်ရင်း (၃) နယ်မြေမှာ အစိုးရတပ်နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၃) နယ်မြေ Lai Hpawng သို့ အစိုးရ စစ်ကြောင်းများ ထပ်မံ ထိုးစစ်ဆင် လာခြင်းကြောင့် ယနေ့ နံနက်ပိုင်း ၉ နာရီခန့်မှ နှစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားနေပါသည်။

တရုတ်နယ်စပ်အနီး KIA တပ်ရင်း (၃) Lai Hpawng (လိုင်ဖေါင်) စခန်းများသို့ မြစ်ကြီးနား-ဗန်းမော်လမ်း Dabak Hka ချောင်းဘက်မှ တက်လာသည့် တပ်မတော် စစ်ကြောင်းများနှင့် Ndung Hkyet ဆိုသည့် နေရာမှာ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောသည်။

ယခု တိုက်ပွဲနေရာသည် တရုတ်နယ်စပ်ပေါ် Zai Awng (Mungga Zup) စစ်ပြေး ဒုက္ခသည် စခန်းနှင့်လည်း နီးကြောင်း သိရသည်။

လွန်ခဲ့သည့် အပတ် သြဂုတ် ၁၆ ရက်မှ အစိုးရတပ်များ KIA တပ်ရင်း (၃) Lai Hpawng Bum စခန်းကို လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ရာမှ ယင်း နယ်မြေတွင် တိုက်ပွဲ ဖြစ်လာခြင်းဖြစ်သည်။

ကန်ပိုင်တီလမ်း တပ်မတော် ယာဉ်တန်းကို KIA တိုက်ခိုက်

သြဂုတ် ၂၅၊ ယမန်နေ့ ညနေ ၅ နာရီခန့် Sadung (ဆဒုံ) ရှေ့တန်းမှ ၀ိုင်းမော်သို့ ကန်ပိုင်တီလမ်းမ အတိုင်း ဆင်းလာသည့် တပ်မတော် ယာဉ်တန်းကို လမ်းခုလတ်တွင် KIA တပ်ရင်း (၃) တပ်ဖွဲ့များ တိုက်ခိုက် ခဲ့သည်။

Washawng (၀ါးရှောင်) ကျေးရွာ အနီး KIA ၏ ခြံုခိုတိုက်ခိုက်မှုတွင် အစိုးရ စစ်သားများ ထိခိုက် သေဆုံးမှု များကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောသည်။

KIA နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော် သားများ သေဆုံး၊ ထိခိုက်မှု သတင်းများကို အစိုးရနှင့် တပ်မတော် သတင်းများတွင် ဖော်ပြမှု မရှိပါ။

ယခု လဆန်းပိုင်းမှ စပြီး ကချင်ပြည်နယ် အနောက်ဘက် လီဒို လမ်းနှင့် ဖားကန့် လမ်း ဘက်မှာ လည်း အစိုးရတပ်နှင့် KIA တပ်မဟာ (၂) တပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာပါသည်။

အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် မရေးထိုးသေးသည့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO သည် NCA လက်မှတ် ထိုးရန် တပ်မတော်၏ ‘စစ်ရေး အရ’ ဖိအား ပေးမှုကို ခံနေရကြောင်း KIO အရာရှိများ ၀န်ခံပြောပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...