နေ့လည် ၁ နာရီခန့်တွင် တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 ၂ စီးဖြင့် လာရောက် ပစ်ကူ ပေးပြီး မကြာမီ အစိုးရ စစ်ကြောင်းများ နောက်ဆုတ်သွားသည်ဟု KIA သတင်းများ ပြောပါသည်။
အတည် မပြုနိုင်သော သတင်းများအရ အစိုးရတပ်ဘက် အကျအဆုံးများပြီး ဒဏ်ရာ အပြင်းအထန် ရရှိသူများတွင် ရုရှားနိုင်ငံသို့ စစ်ပညာသင်ယူပြီး ပြန်လာသော ဗိုလ်ကြီး တစ်ဦး ပါကြောင်း သိရသည်။
KIA ဘက်မှာ ထိခိုက်မှု မရှိကြောင်း သိရသည်။
အစိုးရတပ်များ ဆုတ်ခွာပြီးနောက် ဗိုလ်ကြီး တဦး၏ အလောင်း အပါအဝင် လက်နက် အများအပြားလည်း သိမ်းဆီးရရှိသည်ဟု KIA သတင်းရပ်ကွက်များ ဆိုပါသည်။
မြစ်ကြီးနား-ဗန်းမော် လမ်း အရှေ့ဘက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟို ဌာနချုပ် နယ်မြေ၊ KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ စခန်းများရှိသော Nhkram Bum တောင်သို့ ပြီးခဲ့သည့် အပတ်မှ အစိုးရတပ်များ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။







