အစိုးရတပ် လက်နက်ကြီး ကျေးရွာများပေါ်ကျရောက်

အစိုးရတပ် လက်နက်ကြီး ကျေးရွာများပေါ်ကျရောက်
by -
ကေအဲန်ဂျီ
 မြန်မာ အစိုးရတပ်များမှ လက်နက်ကြီးများဖြင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် Laiza ပတ်ဝန်းကျင်ရှိ KIA စခန်းများကို ပစ်မှတ်ထား ပစ်ခတ်ရာတွင် ကျေးရွာများကိုပေါ်လည်း လက်နာက်ကြီးကျည်များ ကျရောက်ခဲ့၍ ရွာသားများစိုးရိမ်သောကရောက်နေကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၈ ရက် နံနက်ပိုင်း အစိုးရတပ်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် Nam San Yang (နမ်ဆန်ယန်) ကျေးရွာမှ Laiza (လိုင်ဇာ)မြို့သို့ အဝင်ဝ လမ်းကြောင်းပေါ်ရှိ ရွာများသို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများ ဆိုသည်။

လူနေ ရွာကလေးများရှိသည့် Lamai Yang (လမိုင်းယန်) ဘက်နှင့် Munglai Hkyet၊ Kum Ba Yang၊ Shan Tawk Bum ဘက်ကို Hpun Preng Bum၊ Hka Ya Bum မှ အစိုးရတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာသားများ စိုးရိမ် ထိပ်လန့်နေသည်ဟု ၎င်း စစ်မျက်နှာဆိုင်ရာ KIA အရာရှိ တဦး ကချင် သတင်း ဌာန KNG ကို ပြောသည်။ Munglai Hkyet ရွာသို့ လက်နက်ကြီး ကျည် ၅ ခု ကျရောက် ပေါက်ကွဲသော်လည်း ထိခိုက်မှု မရှိကြောင်း သိရသည်။

ယင်း ကျေးရွာများသည် Laiza မြို့ မြောက်ဘက် ၁၀ မိုင်အတွင်းမှာ တည်ရှိပါတယ်။

အစိုးရတပ်များသည် Laiza ဘက်ကို လက်နက်ကြီးများ မကြာခဏ ပစ်ခတ် လျှက်ရှိပြီး ယခင်ကလည်း KIA ဗိုလ်လောင်း ကျောင်းသားများနှင့် ဒေသခံများ သေဆုံးမှုများ ရှိခဲ့သည်။

Laiza မြို့ အနောက်ဘက် မိုင် ၂၀ ၀န်းကျင်တွင် အစိုးရ စစ်ကြောင်းများ ထူးထူးခြားခြား နေ့၊ ည မပြတ် စစ်ရေး လှုပ်ရှား နေကြောင်း သိရသည်။

ဧရာဝတီမြစ်နှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြား Man Pang (မန်ပန်)၊ Hka U (ခဦး)၊ Ja Ing Yang (ဂျာအိန်ယန်) ကျေးရွာများ ဘက်တွင် တပ်မတော် စစ်ကြောင်း (၃)ကြောင်းသည် ယခုချိန် နေ့၊ ည မပြတ် စစ်ရေး လှုပ်ရှားလာခြင်း ဖြစ်သည်ဟု KIA အရာရှိများ အတည်ပြု ပြောပါသည်။

အစိုးရက ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော ‘၂၁ ရာစု ပင်လုံ ညီလာခံ’ ကို သြဂုတ် ၃၁ ရက်နေ့မှ စတင် ကျင်းပမည် ဖြစ်ရာ တပ်မတော်နှင့် KIA တိုက်ပွဲများသည် ဟူးကောင်းချိုင့်ဝှမ်း၊ ဖားကန့်မြို့နယ် နှင့် ၀ိုင်းမော်မြို့နယ် Sadung (ဆဒုံ) ဒေသများတွင် တိုက်ပွဲများနေစဉ်လိုလို ဖြစ်ပွားနေပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...