မြစ်ဆုံ ကိစ္စ မစိုးရိမ်ကြရန် မြစ်ဆုံ စီမံကိန်းလေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်ပြော

မြစ်ဆုံ ကိစ္စ မစိုးရိမ်ကြရန် မြစ်ဆုံ စီမံကိန်းလေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်ပြော
by -
နိရဥ္စရာ
သမ္မတ ဦးသိန်းစိန်အစိုးရသက်တမ်းတွင် ရပ်နားထားခဲ့သည့် မြစ်ဆုံစီမံကိန်း နှင့်ပက်သက်၍ ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန် မြစ်ဆုံစီမံကိန်း လေ့လာသုံးသပ်ရေး  ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။

" ကွင်းဆင်းဆောင်ရွက်ဖို ့တွေ ကို လုပ်ငန်းအဖွဲ ့တွေလုပ်ရအုံးမယ်။ အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်ကြမှာပေါ့။  စာချုပ် ချုပ်ဆိုမှုတွေ ပြန်ကြည့်ဖို ့တောင်း ဆိုထားပါတယ် ဘာမှမစိုးရိမ်နဲ ့ " ဟု မြစ်ဆုံစီမံကိန်း လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။

လက်ရှိတွင် ပြည်သူများ၏ တောင်းဆိုမှုအရ သမ္မတ ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ စီမံကိန်းနှင့် ပက်သက်၍ လေ့လာသုံး သပ်ရေးကော်မတီ ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖွဲ ့စည်းခဲ့ပြီး ဖြစ်သည်။

ကော်မတီတွင် ပြည်သူ ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးတီခွန်မြတ် အား ဥက္ကဋ္ဌအဖြစ် လည်းကောင်း ၊ ပြည်ထောင်စု ၀န်ကြီး ၆ ဦး ၊ ပြည်ထောင်ရှေ ့နေချုပ် ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အဖွဲ ့ဝင် ၂၀ ဖြင့် သြဂုတ်လ ၁၂ ရက်နေ့ က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းလေ့လာသုံးသပ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို သြဂုတ်လ ၂၂ ရက်နေ တွင်စတင် မည်ဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောသည်။

ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ်သည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေး ကောက်ပွဲတွင် နှစ်ကြိမ်စလုံးအနိုင်ရရှိခဲ့သူဖြစ်ပြီး လက်ရှိတွင် ပြည်သူ ့လွှတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတည်ဆောက်ရန် တပ်မတော်အစိုးရလက်ထက်က တရုတ်ကုမ္မဏီ တစ်ခုနှင့် စာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...