တပ်မတော် ယာဉ်တန်းကို KIA တိုက်ခိုက်

တပ်မတော် ယာဉ်တန်းကို KIA တိုက်ခိုက်
by -
ကေအဲန်ဂျီ
မိုးကောင်းဘက်မှ ဖားကန့်သို့ တက်လာသော မြန်မာ အစိုးရ တပ်မတော် မော်တော် ယာဉ်တန်းကို လမ်းခုုလတ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ များမှ ယနေ့ သြဂုတ် ၈ရက် နံနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

Nam Sheng နှင့် Gauri ကျေးရွာကြား တပ်မတော် ယာဉ်တန်းကို KIA တပ်ရင်း (၆) တပ်ဖွဲ့များမှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ ယာဉ် ၂စီး မီလောင် ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှု တချို့ရှိကြောင်း ဒေသခံသတင်းများ အရသိရသည်။

သာမန် အရပ်ဝတ်ဖြင့် အစိုးရ စစ်သားများနှင့် ရှမ်းနီ ပြည်သူ့စစ် များသည် ကားကြီး (၇)စီး ဖြင့် ဖားကန့်ဘက်သို့ တက်လာခြင်းဖြစ်သည်ဟု ဒေသခံသတင်းများ ဖော်ပြပါသည်။

ရွှေ၊ ပယင်းနှင့် ကျောက်စိမ်း မှော်များရှိသည့် KIA တပ်မဟာ (၂) နယ်မြေ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ် တွင် အစိုးရတပ် အင်အား ဖြည့်တင်းနေဆဲဖြစ်၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဦးမည်ဟု KIA အရာရှိများ ဆိုပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...