တပ်မတော် ယာဉ်တန်းကို KIA တိုက်ခိုက်

တပ်မတော် ယာဉ်တန်းကို KIA တိုက်ခိုက်
by -
ကေအဲန်ဂျီ
မိုးကောင်းဘက်မှ ဖားကန့်သို့ တက်လာသော မြန်မာ အစိုးရ တပ်မတော် မော်တော် ယာဉ်တန်းကို လမ်းခုုလတ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ များမှ ယနေ့ သြဂုတ် ၈ရက် နံနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

Nam Sheng နှင့် Gauri ကျေးရွာကြား တပ်မတော် ယာဉ်တန်းကို KIA တပ်ရင်း (၆) တပ်ဖွဲ့များမှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ ယာဉ် ၂စီး မီလောင် ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှု တချို့ရှိကြောင်း ဒေသခံသတင်းများ အရသိရသည်။

သာမန် အရပ်ဝတ်ဖြင့် အစိုးရ စစ်သားများနှင့် ရှမ်းနီ ပြည်သူ့စစ် များသည် ကားကြီး (၇)စီး ဖြင့် ဖားကန့်ဘက်သို့ တက်လာခြင်းဖြစ်သည်ဟု ဒေသခံသတင်းများ ဖော်ပြပါသည်။

ရွှေ၊ ပယင်းနှင့် ကျောက်စိမ်း မှော်များရှိသည့် KIA တပ်မဟာ (၂) နယ်မြေ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ် တွင် အစိုးရတပ် အင်အား ဖြည့်တင်းနေဆဲဖြစ်၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဦးမည်ဟု KIA အရာရှိများ ဆိုပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...