ဘားအံမြို့နာရီစင်တွင် ယခင်အစိုးရ၊ လွှတ်တော်နှင့် ဌာနဆိုင်ရာများအကြီးအကဲများကိုတစ်ကိုယ်တော်ဆန္ဒပြ

ဘားအံမြို့နာရီစင်တွင် ယခင်အစိုးရ၊ လွှတ်တော်နှင့် ဌာနဆိုင်ရာများအကြီးအကဲများကိုတစ်ကိုယ်တော်ဆန္ဒပြ
ကရင်ပြည်နယ်၊ ဘားအံမြို့၊နာရီစင်တွင်အသက် ရ၀ အရွယ် အမျိုးသားတစ်ဦးက ယခင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့အပါအဝင် ကရင်ပြည်နယ်ထဲရှိ ဌာနဆိုင်ရာအကြီးအကဲများကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အရေးယူပေးဆိုသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၈ နာရီကတစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းဘားအံမြို့ဒေသခံများ ကပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့သူအမျိုးသားမှာဘားအံမြို့နယ်၊ အိန္ဒုစံပြကျေးရွာ၊ ရွာမ (၅) ရပ်ကွက်မှ ဦးအောင်မြင့်ဖြစ်ပြီး သားဖြစ်သူကို ၂၀၁၄ခုနှစ်က တရားရုံးမှပြစ်ဒဏ်ချမှတ်ခြင်းပတ်သက်၍ ကန့်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ဦးအောင်မြင့်သည် “ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့၊ ရဲတပ်ဖွဲ့ ၊ တရားသူကြီး၊ စစ်ဘက်ရေးရာလုံခြံုရေးအဖွဲ့ များကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည် အရေးယူပေးပါ”ဆိုသည့် စာသားများရေးသားထားသောဆိုင်းဘုတ်ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဆန္ဒပြသူ၏ သားတော်စပ်သူကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးကိုသားမယား ပြုကျင့်ခဲ့သည်ဟုဆိုကာ ဘားအံမြို့နယ်တရားရုံးက ၂၀၁၄ ခုနှစ် အောက်တိုဘာလကအမိန့်ချမှတ်ခြင်းကိုမကျေနပ်သဖြင့် တရားရုံးအမိန့်ချမှတ်ပြီး တစ်နှစ်ခွဲအကြာ၌ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ဘားအံမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

မောင်သီဟကိုဘားအံမြို့နယ်တရားရုံးကရာဇသတ်ကြီးပုဒ်မ၃၇၆အရအလုပ်နှင့်ထောင်ဒဏ်ငါးနှစ်၊ ရာဇသတ်ကြီးပုဒ်မ၃၆၆အရ အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်တို့ကိုတပေါင်းတည်းကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

ဦးအောင်မြင့် ဆန္ဒပြလမ်းလျှေက်ခြင်းနှင် ့ပတ်သက်၍ ခွင့်ပြုချက် တောင်းခံမှုမရှိသဖြင့် ဘားအံမြို့မရဲစခန်းတွင် (ပ) ၂၄၆/၂၀၁၆၊ ငြိမ်းစုစီပုဒ်မ ၁၈  ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းဘားအံမြို့မ ရဲစခန်းမှတ်တမ်းတွင် ပါရှိသည်။