AA၊ TNLA၊ MNDAA သုံးဖွဲနှင့် ငြိမ်းချမ်းရေးကော်မရှင် တွေ့မည်

AA၊ TNLA၊ MNDAA သုံးဖွဲနှင့် ငြိမ်းချမ်းရေးကော်မရှင် တွေ့မည်
by -
နိရဥ္စရာ
မိုင်းလားအဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့တွေ့ဆုံစဉ်
မိုင်းလားအဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့တွေ့ဆုံစဉ်
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်သည် ရက္ခိုင့်တပ်တော် AA ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု MNDAA (ကိုးကန့် အဖွဲ့) နှင့် တအာင်း အဖွဲ့ TNLA အဖွဲ့သုံးဖွဲ့ကို များမကြာမီ တွေ့ဆုံ သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်က ပြောသည်။

သြဂုတ် ၁ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် အထူးဒေသ(၄) မိုင်လားအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမည့် နေရာမှာ မိုင်းလားတွင် ဖြစ်ဖွယ်ရှိကြောင်း၊ သုံးဖွဲ့စလုံးနှင့် ဆွေးနွေးရန်ရှိကြောင်း၊ အချိန်ကတော့ လောလောဆယ် မပြောနိုင်သေးကြောင်း သူက ပြောသည်။

မိုင်းလား အဖွဲ့မှလည်း ဖြစ်နိုင်လျှင် AA ၊ TNLA  နှင့် MNDAA တို့ သုံးဖွဲ့စလုံးကို အားလုံးနှင့် အတူ ပါ၀င်စေလိုသည့် ဆန္ဒရှိကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...