ခွင့်ပြုချက်မရှိဘဲ ရန်ကုန်ဗလီများတွင် တရားဟောသူ ပါကစ္စတန်နိုင်ငံသား(၂)ဦး ပြည်နှင်ခံရ

ခွင့်ပြုချက်မရှိဘဲ ရန်ကုန်ဗလီများတွင် တရားဟောသူ ပါကစ္စတန်နိုင်ငံသား(၂)ဦး ပြည်နှင်ခံရ
by -
နိရဥ္စရာ
ခွင့်ပြုချက် မရှိဘဲ ရန်ကုန်မြို့ရှိ ဗလီများတွင် တရားဟောသည်ဟုဆိုကာ ပါကစ္စတန် နိုင်ငံသား နှစ်ဦး ကို ငွေဒဏ်ချမှတ်ပြီး ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း  ရဲဇာနည် အွန်လိုင်း သတင်းတွင် ဖော်ပြသည်။

 ၎င်းပါကစ္စတန်နိုင်ငံသားနှစ်ဦးမှာ  Mr.Ahmad Zulfiqar(၆၃)နှစ်နှင့် ၎င်း၏သားဖြစ်သူ Ahmad Saifullah(၂၉)နှစ်တို့ ဖြစ်ကြသည်။

သူတို့နှစ်ဦးသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Green Hill ဟိုတယ်နှင့် Chatrium ဟိုတယ်များတွင် တည်းခိုပြီး ဇူလိုင်လ ၂၆၊ ၂၇၊ ၂၈ နှင့် ၂၉ ရက်နေ့များတွင် ပန်းပဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတားမြို့နယ်များရှိ ဗလီများတွင် ခွင့်ပြုချက်မရှိဘဲ တရားဟောပွဲများ ပြုလုပ်ခဲ့သဖြင့် တာမွေမြို့နယ်၊ လဝက ဦးစီးမှူး ဦးမောင်မောင်ဌေးမှ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် တာမွေမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြား ခဲ့ကြောင်း သိရသည်။

တာမွေမြို့မရဲစခန်းမှ(ပ)၅၇၈/၂၀၁၆ ဖြင့် အမှုဖွင့်ပြီး တာမွေမြို့နယ်တရားရုံးသို့ အမှုစွဲတင်ခဲ့ရာဩဂုတ်လ(၁)ရက်နေ့ ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် တာမွေမြို့နယ်တရားရုံးမှ ပါကစ္စတန်နိုင်ငံသား (၂)ဦးအား ပြစ်မှု ထင်ရှားသဖြင့် ငွေဒဏ်(၁) သိန်းစီနှင့် ပြည်နှင်ဒဏ်များချမှတ် ခဲ့ကြောင်း သိရသည်။

ရဲဇာနည် သတင်းအရ ၎င်းပါကစ္စတန်သား နှစ်ဦးသည် ယနေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ်အချိန် Thai Smile လေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးသည် ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က Thai Smile လေကြောင်း လိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်လာပါလာသူ များ ဖြစ်ကြာင်း သိရှိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...