မြို့ထိန်းရေကာတာ ကျိုးပေါက်မည်ကို ကျောက်ဖြူ ဒေသခံများ စိုးရိမ်

မြို့ထိန်းရေကာတာ ကျိုးပေါက်မည်ကို ကျောက်ဖြူ ဒေသခံများ စိုးရိမ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူနေဧရိယာများကို ပင်လယ်ရေဝင်ရောက်မှု ကာကွယ်ရန် တည်ဆောက် ထားသည့် မြို့ထိန်းရေကာတာကျိုးပေါက်မည်ကို မြို့ခံများက စိုးရိမ်နေကြောင်း ရတနာပုံ သတင်းစာတွင် ယနေ့ ဖော်ပြသည်။

4 kpကျောက်ဖြူမြို့အား ပင်လယ်ရေဝင်ရောက်မှု အန္တရာယ်မှ ကာကွယ်ထားသည့် မြို့၏တောင်ဖက်ရှိ မြေသား ရေကာတာ တာတမံမှာ မိုးရွာသွန်းမှုများကြောင့် ဇူလိုင် ပထမပတ်တွင်းက ၁၅ ပေခန့် မြေသားတာ ကျိုးပေါက်သွားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မြို့ခံများမှ ပြုပြင် တည်ဆောက်ခဲ့ရကြောင်း ရတနာပုံ သတင်းစာကဆိုသည်။

“ရက်ဆက်မိုးကြီးရင်လူတွေက တာကျိုးပေါက်မှာကို စိုးရိမ်နေကြတယ်။ အခုလ သုံး ရက်က မြို့ရဲ့တောင်ဖက် မြေသားတာတံကျိုးလို့ပင်လယ်ရေဒလဟော ၀င်လာတာ။ အချိန်မီအရေးပေါ် တာဆီးကာကွယ်နိုင်လို့သာ မဟုတ်ရင်တော့အန္တရာယ် ကျရောက်နိုင်တယ် ”ဟု စေတီတောင်ရပ်ကွက်မှ မြို့ခံ ဦးလှမောင်သန်းက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေ၊ ဦးဥတ္တမပန်းခြံမှ ပြင်ဖြူမော်ထိ ကွန်ကရစ်တာတမံများဖြင့် ထိန်းသိမ်း ကာကွယ်ထားသော်လည်း တောင်ဖက်ပိုင်းတွင် ကာကွယ်ထားသည့် အရှည်ပေ ၆၀၀၀ ခန့် မြေသား တာတမံ များမှာ ခိုင်ခန့်မှုမရှိသဖြင့် မိုးရွာသွန်းမှုများကြောင့် မြေသားကျွံကျခြင်း၊ နိမ့်ကျခြင်းများအပြင် ပင်လယ် ရေလှိုင်း ရိုက်ပုတ်မှုနှင့် ဒီရေတွန်းအားအရှိန်ကြောင့် ကျိုးပေါက်ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆို်င်နေရကြောင်း မြို့ခံတို့ကဆိုကြောင်း သတင်းတွင် ထည့်သွင်းဖော်ပြထားသည်။

“ဒီိတာတမံသာ ကျိုးပေါက်သွားရင် မြို့အတွက် အန္တရာယ်များပါတယ်။ ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆည်မြောင်းဦးစီးဌာနကို နှုတ်နဲ့တော့ ပြောထားပြီးပါပြီ။ ပြည်နယ်လွှတ်တော်မှာလည်း လာမယ့်အပတ် တွေကျရင် တင်ပြသွားဖို့ အစီအစဉ်ရှိပါတယ်။”ဟု ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံက ပြောသည်။

ကျောက်ဖြူမြို့မှာ ပင်လယ်ရေပြင်အမြင့် ၁၂ ပေတွင်တည်ရှိပြီး ရပ်ကွက် ၁၀ ခုရှိရာ ဒီရေတက်ချိန်ဆိုပါက မြေနိမ့်ပိုင်းရပ်ကွက် များဖြစ်သည့် ကလာဘာတောင်၊ စေတီတောင်နှင့် ကညင်တော၊ ဆားပြင်ကွင်းနှင့် ပြင်ဖြူမော် ကျေးရွာများမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၄ ပေမှ ၅ ပေထိ နိမ့်ကျသွားကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...