မြန်မာ/ရခိုင် အက္ခရာဖြစ်ပေါ်လာပုံ ရန်ကုန်တွင် ဟောပြောမည်

မြန်မာ/ရခိုင် အက္ခရာဖြစ်ပေါ်လာပုံ ရန်ကုန်တွင် ဟောပြောမည်
by -
နိရဥ္စရာ
မြန်မာ/ရခိုင် အက္ခရာဖြစ်ပေါ်လာပုံ သမိုင်းကို အဓိကဟောပြောမည့် သမိုင်းဆိုင်ရာ ဟောပြောပွဲတစ်ခုကို လာမည့် သြဂုတ်လ ၆ ရက်နေ့တွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။

၎င်းဟောပြောပွဲကို ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)မှ ကြီးမှူးပြီး  ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ဟောပြောမည့် ပုဂ္ဂိုလ်မှာ အိန္ဒိယနိုင်ငံ မဟာဗောဓိ ဗုဒ္ဓဂယာ ကျောင်းတိုက်နှင့် မြန်မာနိုင်ငံ မဟာဗောဓိ ဗုဒ္ဓဂယာကျောင်းတိုက် (မြောက်ဒဂုံ-ရန်ကုန်)၏ ပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒမုနိနှင့် စာရေးဆရာကြီး ဦးဖိုးကျော့တို့ နှစ်ဦးက ဟောပြောကြမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)ဥက္ကဌ ဒေါ်စောခင်တင့်က ” အဓိကတော့ ရခိုင်အက္ခရာနဲ့ ဒီနေ့ သုံးစွဲနေတဲ့  မြန်မာအက္ခရာတွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ သိသင့် သိထိုက်တာတွေနဲ့ သမိုင်း သုတေတန ပြုထားတာတွေကို ဟောပြောသွားမှာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရှေးဟောင်း အက္ခရာသမိုင်း ခေါင်းစဉ်ဖြင့် ဒေါက်တာ ဘဒ္ဒန္တ စန္ဒမုနိက ဟောပြောမည် ဖြစ်ပြီး ရခိုင်သမိုင်းဖြစ်ရပ် နောက်ခံပြု ၀တ္ထုများ ဖန်တီးခြင်း ခေါင်းစဉ်ဖြင့် အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူများဆုရှင် ဦးဖိုးကျော့က ဟောပြောမည် ဖြစ်သည်။

ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒမုနိသည် ရခိုင်စာပေအက္ခရာ၏ အခြေခံမူရင်းနှင့် ဖြစ်ပေါ်တိုးတက်လာပုံ (Origin and Development of Arakanese Script) ကျမ်းစာအုပ်ဖြင့် အိန္ဒိယနိုင်ငံ ကာလ ကတ္တားတက္ကသိုလ်မှ Ph.D ( ပါရဂူဘွဲ့) ကို ၂၀၁၀ ခုနှစ်တွင် ရရှိခဲ့ကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...