Miss Universe Sittwe 2016 အတွက် စကာတင် ရခိုင်အလှမယ် ၂၀ ဦး ရွေးချယ်

Miss Universe Sittwe 2016 အတွက် စကာတင် ရခိုင်အလှမယ် ၂၀ ဦး ရွေးချယ်
by -
နိရဥ္စရာ
Miss Universe Sittwe 2016 အလှမယ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူ အလှမယ်များထဲမှ စကာတင် အမျိုးသမီး ၂၀ ဦး ရွေးချယ်ပြီး ယခုအခါ ၎င်းတို့အား စခန်းသွင်း လေ့ကျင့်မှုကို ပြုလုပ်နေပြီဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ခိုင်သဇင်ပန်းခြံတွင် ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးချယ်ပွဲတွင် အလှမယ် ၂၀ ကို စကာတင် ရွေးချယ်ကာ  စခန်းသွင်းလေ့ကျင့်မှုကို ဇူလိုင်လ ၂၆ ရက်နေ့မှ  စတင်ခဲ့သည်။

စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်၏ ပထမနေ့တွင် ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားသို့ ဘုရားဖူးခရီးစဉ်နှင့် ကျောက်တော်မြို့ တိုးချဲ့ရပ်ကွက် အမက ၃ ကျောင်းသူကျောင်းသားများအတွက် ဗလာစာအုပ်နှင့် စာရေးကရိယာများ ထောက်ပံ့ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့သည်ဟု Miss Universe Sittwe ခရီးစဉ်တွင် ရိုက်ကူးရေးတာဝန်ဖြင့် လိုက်ပါခဲ့သူ ကိုထွန်းလင်းအောင်က နိရဥ္စရာသို့ ပြောသည်။

Miss Sittwe 2016

ယင်းအပြင် Miss Universe Sittwe ပြိုင်ပွဲဝင် အလှမယ်များသည် ညနေ ၄ နာရီခန့်တွင် စစ်တွေမြို့ ရှုခင်းသာလမ်း၌ အမှိုက်ကောက်ခြင်းအစီအစဉ်ကို စစ်တွေမြို့ပေါ်သာယာလှပရေးအတွက် အမှိုက်ကောက်ခြင်း အစီအစဉ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေသော စိမ်းပြာအဖွဲ့နှင့် စုပေါင်း လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

၂၀၁၆ ခု Miss Universe Sittwe ပြိုင်ပွဲဝင် အလှမယ်များသည် ၂၀၁၅ ခုနှစ် ပြိုင်ပွဲဝင် အလှမယ်များထက် ပိုတော်သည်ဟု ၂၀၁၅ ခုနှစ် Miss Universe Sittwe သရဖူပိုင်ရှင်ဖြစ်ပြီး စခန်းသွင်း လေ့ကျင့်မှုကို အနီးကပ် ကြီးကြပ်နေသူ မချိုချိုထွန်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“၂၀၁၅ ခုနှစ်က Miss Universe Sittwe ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ်တွေနဲ့ ဒီနှစ် ပြိုင်ပွဲဝင်နေတဲ့ အလှမယ်တွေကို နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်အလှမယ်တွေက ပိုတော်ပါတယ်။ သူတို့တွေက တက်ကြွပြီး သတ္တိရှိကြပါတယ်။ ကြောက်ရွံ့စိုးရိမ်တဲ့စိတ် လုံးဝမရှိကြပါဘူး၊ ကိုယ့်ဟာကိုယ် အပြည့်အဝ ယုံကြည်မှုရှိကြပါတယ်။ ရုပ်ရည်အပိုင်းမှာလည်း အားလုံးသူနီးပါး လှကြပါတယ်။ အားလုံးက Miss ဖြစ်နိုင်တဲ့ အရုပ်တွေချည်းပဲ၊ ဒီနှစ်အတွက် ရွေးချယ်ရခက်ပါလိမ့်မယ်”ဟု မချိုချိုထွန်းက မှတ်ချက်ပြုပြောဆိုသည်။

Miss Sittwe
၂၀၁၆ Miss Universe Sittwe ပြိုင်ပွဲဝင် စကာတင် အလှမယ် ၂၀ ဦးမှာ ခါးနံပါတ် (၁)  မကေခိုင် (စစ်တွေ)၊ ခါးနံပတ် (၂) မဝင်းသဇင်မြင့်  (စစ်တွေ)၊  ခါးနံပတ် (၃) မပန်ပန် (စစ်တွေ)၊  ခါးနံပတ် (၄) မသဇင်ခိုင် (စစ်တွေ)၊ ခါးနံပတ် (၅) မခိုင်သန္တာလင်း (မြောက်ဦး)၊ ခါးနံပတ် (၆) မနှင်းယုမွန် (စစ်တွေ) ၊ ခါးနံပတ် (၇) စုလှိုင်မို့ (မောင်တော)၊ ခါးနံပတ် (၈) မချိုချိုဇံ  (ကျောက်တော်)၊ ခါးနံပတ် (၉) မယုအမရာအောင် (စစ်တွေ)၊ ခါးနံပတ် (၁၀) မချောချော (စစ်တွေ)၊  ခါးနံပတ်(၁၁) မပန်းမြတ်မိုးစက်မာန် (ဘူးသီးတောင်)၊ ခါးနံပတ် (၁၂) မစောစန္ဒီမောင် (စစ်တွေ)၊ ခါးနံပတ်(၁၃) မခင်လင်းထွန်း (ပုဏ္ဏားကျွန်း)၊ ခါးနံပတ် (၁၄) မသီရိသဇင် (စစ်တွေ)၊ ခါးနံပတ် (၁၅) မခင်စုလှိုင် (စစ်တွေ)၊ခါးနံပတ် (၁၆) မခိုင်စန္ဒာ  (စစ်တွေ)၊ ခါးနံပတ် (၁၇) မမြတ်ဆုဝေ  (တောင်ကုတ်)၊ ခါးနံပတ် (၁၈) မယငုံစိုး  (စစ်တွေ)၊  ခါးနံပတ် (၁၉) မပြည့်ဖြိုးအောင် (စစ်တွေ)၊ နှင့်  ခါးနံပတ် (၂၀) မဝင်းသဥ္စာနွယ် (စစ်တွေ) တို့ဖြစ်ကြောင်း Miss Universe Sittwe ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖေါ်ပြထားချက်အရ သိရသည်။

Miss Universe Sittwe 2016 နောက်ဆုံး အလှမယ် ရွေးချယ်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ သြဂုတ်လ ၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...