မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ပင်လုံတွင် စတင်ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ပင်လုံတွင် စတင်ကျင်းပ
by -
နိရဥ္စရာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံမြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ နေ့ထိ (၅)  ရက်ကြာ ကျင်းပပြုလုပ်မည့် ပထမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံကို ဇူလိုင်လ ၂၇ ရက် ယနေ့နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်နေကြောင်း သတင်းရရှိသည်။

ညီလာခံသို့ တစ်နိုင်ငံလုံးမှ တိုင်းရင်းသားလူငယ်များနှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း လူပေါင်း ၈၀၀ ကျော် တက်ရောက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံသို့တက်ရောက်နေသော ရခိုင်လူငယ်တစ်ဦးဖြစ်သည့် ကိုအောင်မြင့်သူက ” အရင်ကလူကြီးတွေ မဖြေရှင်းခဲ့နိုင်တာတွေကို ခုလူငယ်တွေက ဖြေရှင်းဖို့ ကြိုးစား နေကြတာပါ။ အချိန်တွေဆွဲနေရင် ကျွန်တော်တို့မှာ မွေးလာမယ့် သားသမီးတွေက ရှင်းနေရပါမယ်။ ဒါဆို အရမ်းပဲ ကြာသွားနိုင်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို လူငယ်တွေ ဖြေရှင်းဖို ့ကြိုးစားနေကြတာပါ။ အခုတောင် ရှမ်းနဲ ့တအောင်း (ပလောင်) လူငယ်တွေ  တစ်ဖွဲ ့နဲ  ့တဖွဲ ့ နားလည်မူတွေ လွဲနေတာတွေကို တွေ ့ရပါတယ်။ မကြာသေးခင်က လက်နက်ကိုင် နှစ်ဖွဲ ့ တိုက်ပွဲ တွေဖြစ်တယ်။ ညီအစ်ကိုတွေတောင် ဒီလို ဖြစ်လာတာတွေ ့တယ်။ အခု လူငယ်တွေက အဲဒီလို အမှားတွေကို ဆွေးနွေးကြပြီးတော့ နောင်အနာဂတ်မှာ လုံးဝ ဒီလိုတွေ မဖြစ်ရလေအောင် အခုက တည်းက ရှင်းရမယ်။ အတူတူဖြေရှင်းကြမယ်။ ဒါမှ သွေးခွဲမယ့် လူတွေကို တော်လှန် နိုင်မှာပါ ”   ဟု နိရဥ္စရာ သတင်းဌာနသို့ ဆိုသည်။

ဒုတိယနေ့ Panel Discussion တွင်” ငြိမ်းချမ်းရေး တည်ဆောက်ခြင်းအကြောင်း” ကို ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ဦးခွန်ဥက္ကာ၊ ဦးသိန်းဦး၊ ဒေါ်ခင်မမ တို့က ဦးဆောင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

” ဒီညီလာခံဖြစ်မြောက်ရေးအဖွဲ ့မှာ ရခိုင်တွေ တော်တော်များများတွေ့ရပါတယ်။ အရင်တုန်းက ပင်လုံ ညီလာခံမှာ ရခိုင်ခေါင်းဆောင်တွေ ရခိုင်အမည်နဲ့ မပါခဲ့ဘူး။ ဒါပေမယ့် အခု ကျွန်တော်တို့တွေက ပထမဦးဆုံး မြန်မာပြည်လုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ သမိုင်းမှာပါသွားပြီ။  ကျွန်တော်တို့ ရခိုင်လူငယ်တွေ အနေနဲ့ ကျွန်တော်တို့ဒေသမှာ ဖြစ်ပျက်နေတာတွေကို ဝိုင်ဝန်း ဆွေးနွေး သွားမှာဖြစ်ပါတယ်။ ရခိုင် လူငယ်တွေအနေနဲ့လည်း တိုင်းရင်းသားလူငယ်တွေနဲ့စုပေါင်းပြီး ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး အတွက် ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ် အကြောင်းတွေကို ဆွေးနွေးအဖြေရှာသွားမှာပါ “ဟု သူက ပြောသည်။

အဆိုပါညီလာခံသို့ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်( ချက္ကမ) ၊ကမန်၊ မာရာမာကြီး စသည့် ရခိုင်မျိုးနွယ်စုဝင်များထဲမှ ၁၂ ဦး၊ ရခိုင်လူငယ် ၂၃ ဦး စုစုပေါင်း ၃၅ ဦးနှင့်လေ့လာသူ ၅ ဦးတက်ရောက်နေကြောင်း သိရသည်။

Youth conference 4

ညီလာခံအားယာယီဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်ရှိ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက စာထုတ် ဟန့်တားမှုများရှိခဲ့သော်လည်း ပြည်ထောင်စုအစိုးရက ပြုလုပ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ် ညီလာခံဖြစ်မြောက်ရေးကော် မတီ(Coordinating Committee of Nation Ethnic Youth Conference၊(CCNEYC))ကို တိုင်းရင်းသားလူမျိုး (၁၆)မျိုးမှ ကိုယ်စားလှယ်(၇၉)ဦး တက်ရောက်ဆွေးနွေး ဆုံးဖြတ်ကာ ကော်မတီဝင် (၃၈)ဦးပါ၀င်သော ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စတင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...