နယ်ခြားစောင့်တပ်ဖွဲ့ ကင်းစခန်းတစ်ခုမှ WY ယာဘားဆေးပြား သုံးသိန်းခန့် ဖမ်းဆီးရမိ

နယ်ခြားစောင့်တပ်ဖွဲ့ ကင်းစခန်းတစ်ခုမှ WY ယာဘားဆေးပြား သုံးသိန်းခန့် ဖမ်းဆီးရမိ
by -
နိရဥ္စရာ
ယခု ဓာတ်ပုံမှာ စစ်တွေဆိပ်ကမ်းတွင် ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ယာဘားများ ဖြစ်ကြပါသည်။
ယခု ဓာတ်ပုံမှာ စစ်တွေဆိပ်ကမ်းတွင် ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ယာဘားများ ဖြစ်ကြပါသည်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲ ကွပ်ကဲမှု လက်အောက်ခံ ကင်းစခန်း တစ်ခု အတွင်းမှ WY စာတန်းပါ မူးယစ်ဆေးပြား ၃သိန်းခန့်ကို ဇူလှိုင်လ  ၂၆ ရက်နေ့ နေ့လယ် ပိုင်းက ဖမ်းဆီး ရရှိခဲ့ကြောင်း မောင်တောမြို့နယ်မှ ရဲအရာရှိတဦးမှ နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

မောင်တောမြို့ အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှု လက်အောက်ရှိ ကျောက်ပန်းတူ (နတလ) ကင်းစခန်းအတွင်း မူးယစ်ဆေးပြား ၆သိန်းခန့် သိုလှောင်ထားကြောင်း သတင်းအရ အမှတ်(၂)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ယာယီ ဒုတိယရဲမှူးကြီး တင့်ဇော်ဦးမှ သွားရောက်ရှာဖွေရာမှ ယာဘားဆေးပြား၂၉၂၅၀၀ ကို ဖမ်းဆီး ရမိ ခဲ့သည်ဟု ၎င်းရဲအရာရှိက ပြောသည်။

“ သွားရောက် ရှာဖွေတော့ ကင်းစခန်းမီးဖိုခန်း အတွင်းမှာ ဝှက်ထားသော WY စာတန်းပါ စိတ်ကြွ မူးယစ် ဆေးပြား  ၂၉၂၅၀၀ ကို ရှာဖွေဖမ်းဆီးမိပါတယ်။ ဒီဆေးပြားတွေနဲ့ ပတ်သက်တဲ့ ရဲတပ်ဖွဲ့ဝင် ရ ဦးကိုလည်း ဖမ်းဆီးပြီး ဥပဒေအရ စစ်ဆေးနေပါပြီ” ဟု ၎င်းရဲအရာရှိက ဆိုသည်။

ယခု ဆေးပြားများကို တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် အတွက် သိုဝှက်ထားပုံရသည်ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

” အရေးယူဆောင်ရွက်နေမှု ပိုင်းကတော့ သက်ဆိုင်ရာ နယ်ခြားစောင့်တပ်ဖွဲ့နဲ့သာ သက်ဆိုင်တဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာတိတိကျကျ မသိရပါဘူး။  သူ့နယ်မြေ အရာရှိတွေက စီစဉ်ဆောင်ရွက်မှာပါ” ဟု နိရဥ္ဇရာသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် အစိုးရသစ်လက်ထက်၌ မူးယစ်ဆေးဝါးဖမ်းဆီး ရရှိသည့် အမှုပေါင်း  ၆၀ ကျော်ခန့် ရှိပြီး တစ်ဖက်နိုင်ငံသို့ မှောင်ခိုပိုဆောင်မှုမှာလည်း ဆက်လက် ကြီးထွားနေဆဲဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ သင်္ဘောဆိပ် တွင် စိတ်ကြွဆေးပြား ရ၉၈၀၀၀ ကို ယခုနှစ် ဇွန်လ ၂၈ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီမိခဲ့သည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...