အမ်းမြို့နယ် သလူမော်ကျေးရွာ ရေကြီးရေလျှံဒဏ် ဆက်လက်ခံနေရဆဲ

အမ်းမြို့နယ် သလူမော်ကျေးရွာ ရေကြီးရေလျှံဒဏ် ဆက်လက်ခံနေရဆဲ
by -
နိရဥ္စရာ
အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာအုပ်စု၊ သလူမော်ကျေးရွာတွင် ယခုအချိန်ထိ ရေကြီးရေလျှံ ဖြစ်ပေါ်နေ၍ သွားလာရေးနှင့် လုပ်ကိုင်စားသောက်ရေး အခက်ကြံုနေကြရသည်ဟု ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးမောင်ဘအေး က ပြောသည်။

ဒီရေမြင့်တက်မှုကြောင့် ကျေးရွာတွင်းရေမြုပ်နေသည်မှာ ဇူလှိုင်လ ၅ ရက်နေ့ကပင် ဖြစ်ကြောင်း၊ ဒီရေကျသွားလျင် ရေကျ၊ဒီရေပြန်တက်လာလျှင် ရေနစ်မြုပ်မှု ဖြစ်နေကြောင်း သူက ပြောဆိုသည်။

“ ကျနော်တို့ ရွာက တစ်ခြားရွာတွေလို ကုန်းလမ်းနဲ့သွားလို့ရတဲ့ ရွာမဟုတ်တော့ သွားရေးလာရေးနဲ့ စားဝတ်နေရေးတွေ အခက်အခဲဖြစ်နေကြတယ်။ လွန်ခဲ့တဲ့ ငါးရက်လောက်ကတော့ ရေတော်တော်ကြီး ခဲ့ပါတယ်။ အခုတော့ ရေကျစပြုနေပြီဆိုပေမယ့် ဒီရေတက်ရင် တက်တယ်။ ဒီရေကျသွားရင် ရေကျတယ်။ လွန်ခဲ့တဲ့ ငါးရက်ခန့်ကလောက်တော့ ရေမများတော့ပါ။ ဘုန်းကြီးကျောင်းမှ ပြောင်းရွေ့နေတဲ့ သူတွေလည်း အိမ်ကို ပြန်လာနေကြပြီ” ဟု ဦးမောင်ဘအေး ကပြောသည်။

သလူမော်ကျးရွာသည် မြေနိမ့်ပိုင်းဒေသဖြစ်ပြီး တစ်ခြားကျေးရွာတွေလို ကုန်းကြောင်းသွား လို့မရဘဲ မြစ်ပတ်ပတ်လည်ဝိုင်းရံထားပြီး ကျွန်းတွင် တစ်ရွာတည်းသီးသန့် ရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။

IMG0001

ဇူလိုင်လ(၅)ရက်နေ့က ဒီရေကြောင့် ကျေးရွာတွင် ရေစတင်နစ်မြုပ်ခဲ့ရာ လွန်ခဲ့သော (၅)ရက်ခန့်က အဆိုးဆုံးရေနစ်မြုပ်ခဲ့သည်။ ယခုအချိန်တွင် ရေကျနေပြီဖြစ်သော်လည်း ဒီရေတက်ချိန်ကိုလိုက်၍ ဒီရေမြင့်တက်မှုရှိနေကြောင်း သိရသည်။

သလူမော်ကျေးရွာတွင် အိမ်ခြေ(၁၄၀)ခန့်ရှိသည့်အနက် အားလုံးနီးပါးမှာ ရေနစ်မြုပ်နေပြီး ပျက်စီးဆုံးရှံုးမှုများကို ကျေးရွာအုပ်ချုပ်ရေးမှူးက စာရင်းကောက်နေကြောင်းသိရသည်။

အခုလို ဒီရေတက်မှုမျိုးသည် သလူမော်ကျးရွာ၌ ၂၀၁၀ခုနှစ်၊ ဂီရိမုန်းတိုင်းတိုက်ခတ်တုန်းက တစ်ကြိမ် တက်ခဲ့ဖူးကြောင်း၊ ဒီရေမြင့်တက်မှုကြောင့် သောက်သုံးရေနှင့် အစားအစာများ လိုအပ်နေကြောင်း ဒေသခံတွေကပြောသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...