အစိုးရတပ်မှ ပေါ်တာဆွဲသွားသူ ကလေး (၆) ယောက် ဖခင် တစ်ဦးပျောက်ဆုံး

အစိုးရတပ်မှ ပေါ်တာဆွဲသွားသူ ကလေး (၆) ယောက် ဖခင် တစ်ဦးပျောက်ဆုံး
by -
ကေအဲန်ဂျီ
အစိုးရစစ်တပ်က ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သားသမီး ၆ ယောက် ဖခင် လယ်သမားတစ်ဦး သည်  နှစ်ရက်ကျော်သည် အထိ သတင်းအဆက်အသွယ်မရဘဲ ပျောက်ဆုံး နေကြောင်း စုံစမ်းသိရှိရသည်။

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ အနီး ဂရွတ်ယန် (Garut Yang) ရွာသား တစ်ဦးဖြစ်သူ အသက် (၃၁) နှစ်အရွယ် ဦး ကောန်လ (Slg. Kawn La) ဆိုသူ ကို အစိုးရ စစ်ကြောင်းမှ ဇူလိုင် (၁၇) ရက်နေ့ ၁၁ နာရီခန့် တွင် ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုထိ အိမ် ပြန်မရောက်လာ သေးသည့်အပြင် အဆက်အသွယ် ပြတ်နေကြောင်း ဂရွတ်ယန် ရွာသား အမည်မဖော်လိုသူ တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ပေါ်တာ ဆွဲသွားသည့် အစိုးရစစ်ကြောင်းတွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) မုံရွာမြို့မှ ခလရ ၈၇၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ တပ်ရင်း)နှင့် ဦးဇခုန် တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့တို့ ပါဝင်ကြောင်း အဆိုပါ ရွာသား က ဆက်ပြောပါသည်။

ဦး ကောန်လ (Slg. Kawn La) အဖမ်း မခံရ ခင်ကလည်း ဂရွတ်ရွာ (Garut Yang)မှ ရွာသား တစ်ဦးပြီး တစ်ဦးကိုလည်း လမ်းပြ အဖြစ် အဓမ္မ ဖမ်းဆီး ခေါ်ဆောင်နေကြောင်း သူက ဆိုပါသည်။

ထို့ကြောင် လက်ရှိ အခြအနေတွင် ဂရွတ်ရွာ (Garut Yang) ရွာလူကြီးများနှင့် သက်ဆိုင်ရာ လူကြီးများမှတဆင့် ဦး ကောန်လ (Slg. Kawn La) ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းနေကြောင်း သိရပါသည်။

အစိုးရတပ်၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသူ ဦး ကောန်လ (Slg. Kawn La) သည် သားသမီး (၆)ယောက်၏ ဖခင်ဖြစ်ပြီး လယ်ယာ လုပ်ငန်းဖြစ်သာ မိသားစုကို ကျွေးမွေးနေသူဖြစ်ကြောင်းလည်း သိရသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...