အစိုးရတပ်မှ ပေါ်တာဆွဲသွားသူ ကလေး (၆) ယောက် ဖခင် တစ်ဦးပျောက်ဆုံး

အစိုးရတပ်မှ ပေါ်တာဆွဲသွားသူ ကလေး (၆) ယောက် ဖခင် တစ်ဦးပျောက်ဆုံး
by -
ကေအဲန်ဂျီ
အစိုးရစစ်တပ်က ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သားသမီး ၆ ယောက် ဖခင် လယ်သမားတစ်ဦး သည်  နှစ်ရက်ကျော်သည် အထိ သတင်းအဆက်အသွယ်မရဘဲ ပျောက်ဆုံး နေကြောင်း စုံစမ်းသိရှိရသည်။

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ အနီး ဂရွတ်ယန် (Garut Yang) ရွာသား တစ်ဦးဖြစ်သူ အသက် (၃၁) နှစ်အရွယ် ဦး ကောန်လ (Slg. Kawn La) ဆိုသူ ကို အစိုးရ စစ်ကြောင်းမှ ဇူလိုင် (၁၇) ရက်နေ့ ၁၁ နာရီခန့် တွင် ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုထိ အိမ် ပြန်မရောက်လာ သေးသည့်အပြင် အဆက်အသွယ် ပြတ်နေကြောင်း ဂရွတ်ယန် ရွာသား အမည်မဖော်လိုသူ တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ပေါ်တာ ဆွဲသွားသည့် အစိုးရစစ်ကြောင်းတွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) မုံရွာမြို့မှ ခလရ ၈၇၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ တပ်ရင်း)နှင့် ဦးဇခုန် တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့တို့ ပါဝင်ကြောင်း အဆိုပါ ရွာသား က ဆက်ပြောပါသည်။

ဦး ကောန်လ (Slg. Kawn La) အဖမ်း မခံရ ခင်ကလည်း ဂရွတ်ရွာ (Garut Yang)မှ ရွာသား တစ်ဦးပြီး တစ်ဦးကိုလည်း လမ်းပြ အဖြစ် အဓမ္မ ဖမ်းဆီး ခေါ်ဆောင်နေကြောင်း သူက ဆိုပါသည်။

ထို့ကြောင် လက်ရှိ အခြအနေတွင် ဂရွတ်ရွာ (Garut Yang) ရွာလူကြီးများနှင့် သက်ဆိုင်ရာ လူကြီးများမှတဆင့် ဦး ကောန်လ (Slg. Kawn La) ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းနေကြောင်း သိရပါသည်။

အစိုးရတပ်၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသူ ဦး ကောန်လ (Slg. Kawn La) သည် သားသမီး (၆)ယောက်၏ ဖခင်ဖြစ်ပြီး လယ်ယာ လုပ်ငန်းဖြစ်သာ မိသားစုကို ကျွေးမွေးနေသူဖြစ်ကြောင်းလည်း သိရသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...