သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရရှိသည့် ကျောင်းသား ၅ ဦးအား ဆုချီးမြှင့်

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရရှိသည့် ကျောင်းသား ၅ ဦးအား ဆုချီးမြှင့်
by -
နိရဥ္စရာ
သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့မှ ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်းတွင် အမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ ၅ ဦးအား  ဂုဏ်ပြုဆုပေးပွဲအခမ်းအနားတစ်ရပ်ကို ဇူလိုင်လ ၁၇ နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေကရုဏာခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆုချီးမြှင့် ဂုဏ်ပြုခံရသည့် ကျောင်းသား/ ကျောင်းသူများမှာ ရခိုင်ပြည်နယ်တွင် ပထမဆု ရရှိသည့် စစ်တွေ အထက ၂ မှ မောင်အောင်ချစ်စံ၊ ဒုတိယဆုကို စစ်တွေ အထက ၂ မှ မစုကေခိုင်၊ တတိယ ဆုကို ပေါက်တော အထက မှ မောင်ကျော်ဝင်းထွန်း၊ စတုတ္ထဆုကို စစ်တွေ အထက ၄ မှ မောင်အောင်ဘုန်းကျော်နှင့် ပဥ္စမဆုကို သံတွဲ အထက ၁ မှ မောင်အောင်သူရမင်းတို့ ဖြစ်ကြသည်။

ဆုချီးမြှင့်ရာတွင် ပထမဆုကို ၃ သိန်းကျပ်၊ ဒုတိယဆုကို ၂ သိန်း ၅ သောင်းကျပ်၊ တတိယဆုကို ၃ သိန်းကျပ်နှင့် စတုတ္ထနှင့် ပဥ္စမဆုကို ၁ သိန်း ၅ သောင်း ကျပ်စီ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ဆုချီးမြှင့်ရခြင်းရနှင့်ပတ်သက်၍ သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့မှ ဥက္ကဋ္ဌ ဦးအမ်းသားကြီးက “ကျနော်တို့ ရခိုင်ပြည်ထဲမှာ လူတော်ကလေးတွေဖြစ်လို့ ဆုချီးမြှင့်ရတာ တစ်ပိုင်း၊ နောက်တစ်ပိုင်းကတော့ နောက်ကျောင်းသားတွေကလည်း ကြိုးစားချင်စိတ်ပေါ်လာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

njr1801

ယခုကဲ့သို့ ပြည်နယ်အဆင့် ဆုရကျောင်းသားများကို ဆုချီးမြှင့်လာခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် တတိယအကြိမ် ရှိပြီဟု ဆိုသည်။

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့သည် ပညာထူးချွန်သည့်ကျောင်းသားများကို ဆုချီးမြှင့်ခြင်းအပြင် ငွေကြေးမတတ်နိုင်သည့် မိသားစုမှ ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးခြင်း နှင့် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ရေဘေးဒုက္ခသည်များကိုလည်း ကူညီလျက်ရှိသည်ဟု သိရသည်။

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ကို ထူထောင်ခဲ့သည်မှာ ၂ နှစ်ကျော်ရှိပြီး ၎င်းကာလအတွင်း စုစုပေါင်း ကူညီခဲ့သည့် ငွေကြေးပမာဏမှာ ကျပ်သိန်း ၁၂၀၀ ခန့် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...