မြန်မာသတင်းမီဒီယာကောင်စီက ရခိုင်ပြည်နယ်မှ ကျောင်းသားများအတွက် အသက်ကယ် အကျႌများ လှူဒါန်း

မြန်မာသတင်းမီဒီယာကောင်စီက ရခိုင်ပြည်နယ်မှ ကျောင်းသားများအတွက် အသက်ကယ် အကျႌများ လှူဒါန်း
by -
နိရဥ္စရာ
မြန်မာသတင်းမီဒီယာကောင်စီက ရခိုင်ပြည်နယ်မှ ကျောင်းသားများအတွက် အသက်ကယ်အကျႌများ လှူဒါန်း ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။

အသက်ကယ် အကျႌအထည် ၁၀၀ ကို ဇူလိုင်လ ၁၅ ရက်နေ့က နေ့လယ်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံး ခန်းမဆောင်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် နိရဥ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က ပေးအပ်ခဲ့ပြီး ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက လက်ခံရယူခဲ့သည်။

“ဒီအသက်ကယ် အကျႌတွေဟာဆိုရင် ကျနော်တို့ ဒေသအတွက် အသက်ကယ် လုပ်ငန်းမှာ ကြိုတင်ပြင်ဆင်မှု တစ်ခုလို့ မြင်ပါတယ်။ ဥပမာ ကျနော်တို့မှာ ပိုးရွှီပြင်မှာ ဂန့်ဂါက ကလေးတွေ ဖြစ်သွားတဲ့ကိစ္စပေါ့။ တကယ်လို့ အဲ့ဒီကလေးတွေမှာ အသက်ကယ်အကျႌတွေသာ ရှိခဲ့မယ်ဆိုရင် သေစရာအကြောင်းမရှိဘူး”ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။

IMG20160715131656

ရခိုင်ပြည်နယ်သည် မြစ်ချောင်း ပေါများပြီး နေရာအများအပြားတွင် ကျောင်းသားများသည် ကျောင်းတက် ကျောင်းဆင်းအတွက် ရေလမ်းကြောင်းကို အသုံးပြုနေကြရသဖြင့် ယင်းကဲ့သို့ အသက်ကယ်အကျႌများကို ကျောင်းသား ကျောင်သူများသို့ ပိုမို ပေးအပ်နိုင် စီစဉ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

အသက်ကယ်အကျႌများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကိုယ်စား ပေးအပ်ခဲ့သူ နိရဥ္စရာသတင်းဌာန အယ်ဒီတာချုပ်က မြန်မာသတင်းမီဒီယာကောင်စီတွင် ရေဘေးသင့်ပြည်သူများကို ပေးအပ်မည့် ဘတ်ဂျက်မှ ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီအသက်ကယ် အကျႌတွေဟာ မြန်မာသတင်းမီဒီယာကောင်စီရဲ့ ရေဘေးသင့် ပြည်သူတွေကို ကူညီမယ့် ဘတ်ဂျက်ထဲက ကူညီတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာ အထကမှ ကျောင်းသားတွေ ရေနစ်သေဆုံးမှုကို သူတို့ကြားရတဲ့အခါ အလွန် စိတ်မကောင်းဖြစ်ကြပါတယ်။ အဲ့ဒါကြောင့် သူတို့မှာရှိတဲ့ ဘတ်ဂျက်ထဲက အသက်ကယ်အကျႌအထည် ၁၀၀ ကို ရခိုင်ဒေသမှာရှိတဲ့ ကျောင်းသားတွေ အတွက် အခုလို လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

ယခု လှူဒါန်းခြင်းသည် မြန်မာသတင်းမီးဒီယာ ကောင်စီအနေဖြင့် ပထမဆုံးအကြိမ် လှူဒါန်းခြင်းဖြစ်ပြီး၊ မြစ်ကူး ချောင်းကူး ကျောင်းတက်နေကြရသည့် ကျောင်းသားများကို ပေးအပ်နိုင်ရန် ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာနမှ တဆင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်မြတ်ကျော်က ပြောသည်။

ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးအနေဖြင့် မြို့နယ်ပညာရေးမှူးများနှင့် အစည်းအဝေးပြုလုပ်ပြီး ၄င်းအသက်ကယ်အကျႌများကို ပေးအပ်သင့်သည့် နောရာများသို့ ပေးအပ်သွားမည် ဖြစ်ကာ အသက်အငယ်ဆုံးကျောင်းသားများကို ဦးစားပေး ပေးအပ်သွားမည်ဖြစ်ပြီး အသက်ကယ်အကျႌ လှူဒါန်းမှု အရေအတွက် များပြားလာပါက ဆရာ ဆရာမ များကိုလည်း ပေးအပ်သွားမည်ဟု ပြောသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...