Miss Universe Sittwe 2016 ပြိုင်ပွဲ သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပမည်

Miss Universe Sittwe 2016 ပြိုင်ပွဲ သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပမည်
by -
နိရဥ္စရာ
၂၀၁၆ ခုနှစ်အတွက် Miss Universe Sittwe ပြိုင်ပွဲကို သြဂုတ်လ ၂ ရက်နေ့တွင် စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ Miss Universe Sittwe ကျင်းပရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ ပွဲဖြစ်မြောက်ရေးအဖွဲ့က ဇူလိုင်လ ၁၂ ရက်နေ့ နံနက်တွင် စစ်တွေမြို့ River Valley စားသောက်ဆိုင်၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

ယင်းသို့ ပြိုင်ပွဲကျင်းပနိုင်ရန်အတွက် ဇူလိုင်လ ၁ ရက်နေ့မှ ပြိုင်ပွဲဝင်လိုသူ ရခိုင်လှပျိုဖြူများကို လျှောက်လွှာခေါ်ယူထားပြီး ဇူလိုင်လ ၂၀ ရက်နေ့ထိ နောက်ဆုံးထား လျှောက်ရမည်ဟု သိရသည်။

ပြိုင်ပွဲ ၀င်လိုသူ သည် အသက် ၁၈ နှစ်မှ ၂၆ အတွင်းဖြစ်ရမည်၊ ဆယ်တန်းအောင်ပြီး အင်္ဂလိပ်ဘာသာစကားကို အခြေခံပြောတတ်ရ မည်ဖြစ်ပြီး အရပ်အမြင့် အနည်းဆုံး ၅ ပေ ၂ လက်မ ရှိရမည်ဖြစ်ကာ အပျိုစစ်စစ် ဖြစ်ရမည်ဟု အရည်အချင်းများကို သတ်မှတ်ထားကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပွဲဖြစ်ရောက်ရေး အဖွဲ့ တာဝန်ခံ ကိုကျော်ကျော်မိုးက မီဒီယာများကို ရှင်းပြခဲ့သည်။

13501629 1363297053743513 5980579278880199176 n“ဒီနှစ်ပြုလုပ်မယ့် Miss Universe Sittwe ပြိုင်ပွဲဟာ ဆိုရင် ရခိုင်ပြည်နယ်မှာ ဒုတိယ အကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။ Miss Universe ပြိုင်ပွဲဟာ ဆိုရင် နိုင်ငံတကာ အဆင့် ပြိုင်ပွဲတစ်ခုဖြစ်ပေမယ့် ရခိုင်ရိုးရာရဲ့ အငွေ့အသက်နဲ့ ရခိုင်အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယုံပုံတွေကို ပေါ်လွင်အောင် ဖန်တီးတင်ပြသွားမှာ ဖြစ်ပါတယ်။ ရခိုင်မှာ ရိုးရာပွဲတစ်ခုဖြစ်တဲ့ ရထားဆွဲပြိုင်ပွဲကို ပုံဖေါ်ထားတဲ့ တင်ဆက်မှုတစ်ခုကိုလည်း ဒီနှစ်မှာ ထည့်သွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ Miss Universe ပြိုင်ပွဲကို လုပ်နိုင်သလို ရခိုင်ပြည်နယ်မှာလည်း လုပ်နိုင်တယ်ဆိုတာကို ပြသချင်တဲ့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့ တာဝန်ခံ ကိုကျော်ကျော်မိုးက ပြောသည်။

၂၀၁၅ ခုနှစ်က Miss Universe Sittwe အဖြစ် ရသေ့တောင်သူ မချိုချိုထွန်းက အရွေးချယ်ခံခဲ့ရပြီး မြန်မာနိုင်ငံအဆင့် ပြိုင်ပွဲတွင် သူမသည် Miss Famous ဆုနှင့် Second Runner  ဆုနှစ်ကို ဆွတ်ခူး ရရှိခဲ့ပြီး ရခိုင့်ဂုဏ်ကို ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်  Miss Universe Sittwe ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ၁၉ ဦးသာ ပါ၀င်ခဲ့သဖြင့် ပြိုင်ပွဲဝင်သူ နည်းပါးခဲ့သော်လည်း  ယခုနှစ်တွင် Miss Universe Sittwe ပြိုင်ပွဲကို ရခိုင်သူများအနေဖြင့် စိတ်ဝင်စားသူ ပို၍များပြားလာပြီး ပြိုင်ပွဲဝင်ရန် လျှောက်ထားသူ အများအပြားရှိပြီး ခက်ခက်ခဲခဲ ပြုလုပ်ရလိမ့်မည်ဟု ရွေးချယ်ရေးအဖွဲ့က ပြောကြားသည်။

ယင်းသို့ လျှောက်ထားသူ အများအပြားရှိခဲ့သည့်အတွက် လူတွေ့ အမေးအဖြေကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ခိုင်သဇင်ပန်းခြံရှိ ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၂၆ ရက်နေ့မှ စ၍ စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကာ အစမ်းလေ့ကျင့်မှုကို သြဂုတ်လ ၁ ရက်နေ့တွင် ပြုလုပ်ပြီး ပြိုင်ပွဲကို ၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

Miss Universe Sittwe အတွက် Miss Universe နှင့် First Runner , Second Runner များကို ရွေးချယ်ကာ ဆုများကို ၁၀ သိန်းကျပ်၊ ၈ သိန်း ကျပ်နှင့် ၅ သိန်းကျပ်စီ အသီးသီး ချီးမြှင့်သွားမည် ဖြစ်ပြီး Tittle ဆု ၃ ဆုအတွက် တစ်ဆုကို ၂ သိန်းကျပ်စီ ချီးမြှင့်သွားမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွက် Miss Universe Sittwe အဖြစ် အရွေးချယ်ခံရသူ မချိုချိုထွန်းက ၂၀၁၆ ခုနှစ်အတွက် ပြိုင်ပွဲဝင်မည့် ရခိုင်သူများအနေဖြင့် စိတ်ဓါတ်ကို မြှင့်တင်ထားဖို့ လိုအပ်ကြောင်း ပြောသည်။

“ပြိုင်ပွဲဝင်တယ်ဆိုတာက ကိုယ်လုပ်နေကျ အလုပ်အလုပ်မဟုတ်တဲ့အတွက် စိတ်ဓါတ်ကို မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြိုင်ပွဲမှာ စိတ်ဓါတ်ကျတာတွေလည်း ရှိတယ်။ သူများတွေက လမ်းလျှောက် ကျွမ်းကျင်နေပြီ၊ ကိုယ်က လမ်းလျှောက်မကျွမ်း ကျင်သေးဘူး ဆိုတာတွေကြံုရတတ်တဲ့အတွက် စိတ်ညစ်ရတာတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲဝင်မယ့်သူတွေကို အားမလျှော့ကြပါနဲ့ ကြိုးစားစေချင်ပါတယ်လို့ မှာကြားချင်ပါတယ်”ဟု မချိုချိုထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

Miss Universe ပြိုင်ပွဲပြုလုပ်ရာတွင် စင်ထက် ပြိုင်ပွဲတွင် ၂၀ မှတ်သာပေးပြီး စခန်းသွင်းလေ့ကျင့်စဉ် အမှတ် ၈၀ ပေးသဖြင့် စခန်းသွင်းလေ့ကျင့်စဉ် သင်ပြမှုများကို စိတ်ဝင်တစားရှိမှုနှင့် စည်းကမ်းလိုက်နာမှု ရှိဖို့လိုအပ်ကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် ပြောဆိုဆက်ဆံရာတွင် စိတ်ထားနူးညံ့ပြီး အဆင်ပြေ ချောမွေ့ဖို့ လိုအပ်ကြောင်း၊ ကလေးဂေဟာနှင့် ဘိုးဘွားရိပ်သာများကို သွားလည်သည့်အခါတွင် အမှန်တကယ် စိတ်ရင်းဖြူစင်စွာဖြင့် ချစ်ခင်ပြုစုတတ်ဖို့ လိုအပ်ကြောင်း သိရသည်။

ယင်းအပြင် ပြိုင်ပွဲဝင်မည့် ရခိုင်သူများအနေဖြင့် ခန္ဓာကိုယ်လက် အချိုးအစားကျအောင်၊ ၀နေပါက ပိန်အောင် လေ့ကျင့်ထားဖို့ လိုအပ်ကြောင်း မချိုချိုထွန်းက ပြောသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...