ရေတိုက်စားရာမှ ထပ်မံ ပေါ်ထွက်လာသော အမ်းမြို့နယ်မှ ဂတ်စ်ပိုက်လိုင်း အန္တရာယ်ရှိနေဟုဆို

ရေတိုက်စားရာမှ ထပ်မံ ပေါ်ထွက်လာသော အမ်းမြို့နယ်မှ ဂတ်စ်ပိုက်လိုင်း အန္တရာယ်ရှိနေဟုဆို
by -
နိရဥ္စရာ
ရေတိုက်စားရာမှ ထပ်မံ ပေါ်ထွက်လာသော အမ်းမြို့နယ်မှ ဂတ်စ်ပိုက်လိုင်း အန္တရာယ်ရှိနေဟုဆို
ရေတိုက်စားရာမှ ထပ်မံ ပေါ်ထွက်လာသော အမ်းမြို့နယ်မှ ဂတ်စ်ပိုက်လိုင်း အန္တရာယ်ရှိနေဟုဆို
ရခိုင်ပြည်နယ် အမ်းမြို့နယ် နေရာ နှစ်ခု၌ ရေတိုက်စားမှုကြောင့် ဂတ်စ်ပိုက်လိုင်း အပေါ်သို့ ပေါ်ထွက်လာသဖြင့် အန္တရာယ်ကျရောက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ပိုက်လိုင်းရေးရာ စောင့်ကြည့် လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွှင်က ပြောသည်။

“ အရင် ရေတိုက်စားတဲ့အချိန်က နည်းနည်း ပေါ်လာတယ်။ ခုတစ်ကြိမ် ရေကြီးတော့ ထင်ထင်ရှားရှား ပိုက်လုံးက ပေါ်ထွက်လာတယ်။ ဒေသခံတွေက အနီးအနားကို မသွားဝံ့ဘဲ ဖြစ်နေကြပါတယ်”  ဟု သူက ပြောသည်။

ဂတ်စ်ပိုက်လိုင်းမှာ စခန်းမော် အုပ်စုတွင် တစ်နေရာနှင့် တောင်ဖီလာ အုပ်စုတွင် တစ်နေရာ အပေါ်သို့ ပေါ်ထွက်လာပြီး စခန်းမော်အုပ်စုတွင် ဖြစ်ပေါ်နေသော ပိုက်လိုင်းကြောင့် ပို၍ စိုးရိမ်ရသည်ဟု ကိုမျိုးလွှင်က ပြောဆိုသည်။

“ စခန်းမော် အုပ်စုက စမ်းချောင်းထဲ ရေစီးနဲ့ အတူ ပိုက်လိုင်း အရှည် ပေ ရ၀ လောက်ပေါ်လာတယ်။ နောက်ထပ် မိုးရွာရင် ရေစီးပြင်းရင် ပိုက်လိုင်း ပါသွားနိုင်တဲ့ အတွက် ဂတ်စ်တွေ ပေါက်ကွဲထွက်မှာကို လူတွေက စိုးရိမ်နေကြတာပါ” ဟု ကိုမျိုးလွှင်က ပြောသည်။

၎င်းပိုက်လိုင်းများကို မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့်  တရုတ်အမျိုးသားပိုင် CNPC ကူမ္ပဏီတို့မှ တာဝန်ရှိသူများ လာရောက် ကြည့်ရှု စစ်ဆေးခဲ့သော်လည်း ယနေ့အချိန်ထိ ပြုပြင်ခြင်း မရှိသေးကြောင်း သိရသည်။

(အဝါရောင်ကြိုးမှာ ပိုက်လိုင်း ပေါ်ထွက်ရာ နေရာ ဖြစ်ပါသည်။)

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...