ကမ်းပါးပြို၍ မင်းပြားမြို့နယ် လက်မကျေးရွာမှ အိမ်ပေါင်း တစ်ဒါဇင်ကျော် ဖြိုဖျက်ရ

ကမ်းပါးပြို၍ မင်းပြားမြို့နယ် လက်မကျေးရွာမှ အိမ်ပေါင်း တစ်ဒါဇင်ကျော် ဖြိုဖျက်ရ
by -
နိရဥ္စရာ
လက်မကျေးရွာအား တွေ့ရစဉ်
လက်မကျေးရွာအား တွေ့ရစဉ်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လက်မကျေးရွာတွင် လေးမြို့မြစ်ကမ်းပါး ပြိုရာမှ အိမ်အများအပြားကို ဖြိုဖျက်ပြီး ရွှေ့ပြောင်းနေရသည်ဟု သတင်း ရရှိသည်။

“ အခု ဖြိုလိုက်ရတဲ့ အိမ် ၁၂ ဆောင်ရှိပါပြီ။ မနက်ဖြန် တစ်ရက်၊ သဘက်နေ့မှာ ဆိုရင် နောက်ထပ် အိမ်သုံးဆောင် ထပ်ဖြိုရပါမယ်။ စုစုပေါင်း ၁၅ ဆောင်ဖြိုရမှာ ဖြစ်ပါတယ်။ လေးမြို့မြစ်ရေ တိုက်စားနေတဲ့ အတွက် ကမ်းပါးပြိုတာကြောင့် ရွှေ့ပြောင်းရတာ ဖြစ်ပါတယ်” ဟု လက်မကျေးရွာ ရွာခံ လူငယ် တစ်ဦးဖြစ်သူ ဦးအောင်စိုးက ပြောသည်။

လက်မ ရွာတွင် အိမ်ခြေပေါင်း ၁၁၁ ဆောင်ရှိကြောင်း၊ ယမန်နှစ် ရေကြီးစဉ်ကလည်း ကမ်းပါးပြို၍ အိမ်ခြေ ခုနှစ်ဆောင်ရေထဲကို ပါသွားခဲ့ကြောင်း၊ ယခုနှစ် မိုးရာသီတွင်လည်း ကမ်းပါးဆက်ပြိုနေသဖြင့် ရေထဲမပါမှီ အိမ်များကို ကြိုတင်ဖြိုဖျက်ပြီး ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ ကမ်းပါးက အရမ်းပြိုနေတယ်။ အဆီးအတားမရှိပါဘဲ။ အိမ်ဖြိုလိုက်ရတဲ့သူတွေက ဦးဒိုးလှအောင်၊ ဦးမောင်တင်၊ ဦးတင်တင်၊ ဦးသန်းမြင့် အပါအဝင် ၁၂ ဦးရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ကမ်းပါးပြို၍ ရွာသားများ အခက်အခဲကျရောက်နေကြောင်းကို မြို့နယ် အာဏာပိုင်များသို့တင်ပြထားသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူ ကူညီဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...