ရခိုင်လူငယ်ဖိုရမ်ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးမင်းပြားတွင် ပြုလုပ်မည်

ရခိုင်လူငယ်ဖိုရမ်ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးမင်းပြားတွင် ပြုလုပ်မည်
by -
နိရဥ္စရာ
မုံရွာ မြန်မာလူငယ်ဖိုရမ်သို့တက်ရောက်ခဲ့ကြသည့် ရခိုင်လူငယ်များ
မုံရွာ မြန်မာလူငယ်ဖိုရမ်သို့တက်ရောက်ခဲ့ကြသည့် ရခိုင်လူငယ်များ
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့် လူငယ်မူဝါဒရေးဆွဲရာတွင် ရခိုင်လူငယ်များ၏ လိုအပ်ချက်၊ အသံများပါဝင်စေရေးအတွက် ရခိုင်လူငယ်ဖိုရမ်ကျင်းပပြုလုပ်ရန် အကြိုညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်လုံးဆိုင်ရာဖိုရမ်လုပ်မယ့်နေ့ကိုတော့ မသတ်မှတ်ရသေးပါဘူး။လောလောဆယ်တော့ တစ်မြို့နယ်က ၅ ယောက်ကျနဲ့ ၁၇ မြို့နယ်စလုံးက ဖိတ်မယ်လို့ လျှာတာထားပါတယ်။ Working Group အစည်းအဝေးကိုတော့ ၁၈ ရက်နေ့ မင်းပြားမှာ လုပ်မှာပါ” ရခိုင်လူငယ် ဖိုရမ် ကျင်းပရေးအတွက်  ဦးစီး ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် မတင်တင်သွယ်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်လူငယ်  ဖိုရမ်ကို မင်းပြားမြို့တွင် ပြုလုပ်ရန် လျှာတားထားသော်လည်း ၁၈ ရက်နေ့  ပြုလုပ်မည့် အကြိုညှိနိုင်း အစည်းအဝေးမှ ကျင်းပမည့်မြို့နှင့် နေ့ရက်ကို အတည်ပြုမည်ဟု သိရသည်။

“အဓိကကတော့ Youth Policy ပါ။ လူငယ်နဲ့ ပတ်သက်တဲ့ မူဝါဒတစ်ခုပေါ်ပေါက်လာဖို့ အဓိက ရည်ရွယ်ပါတယ်။အဲဒီအထဲမှာ ရခိုင်လူငယ်တွေအနေနဲ့ အနာဂတ်အတွက် ဘာအချက်တွေ ပါဝင်သင့်တယ်။ ဘယ်လိုအချက်တွေကို အကောင်းဆုံးဖြစ်အောင် ဆွေးနွေးသင့်တယ် ဆိုတာတွေကို အဓိကထားပါတယ်။”ဟု ရခိုင်လူငယ် ဖိုရမ်ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်များအား သူမကဆက်လက်ရှင်းပြသည်။

“လူငယ်များ၏အခန်းကဏ္ဍကို ပေါ်လွင်ထင်ရှားစေခြင်းဖြင့် လူငယ်များ၏အနာဂတ်ကို ပြန်လည် ပုံဖော်ရန်”ဆိုသည့် ရည်ရွယ်ချက်ဖြင့်  တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာလူငယ်တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး|မုံရွာမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာလူငယ်တွေ့ဆုံပွဲတွင် (၁)လူငယ်နှင့် ငြိမ်းချမ်းရး|(၂)လူငယ်နှင့် မူးယစ် ဆေးဝါးပြဿနာ(၃) လူငယ်နှင့်သဘာဝ ပတ်ဝန်းကျင် (၄)လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ (၅)လူငယ်ရေးရာမူဝါဒ စသည့် ကဏ္ဍ ၅ ခုခွဲ၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုမှ လူငယ်စုစုပေါင်း ၅၄၀ ကျော်တက်ရောက် ခဲ့သည်။  ရခိုင်ပြည်နယ်မှ လူငယ် ကိုယ်စားလှယ် ၂၃ ဦးနှင့်ရန်ကုန်ရောက် ရခိုင်လူငယ် ၃ ဦးလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...