ရသေ့တောင်တွင် မူဆလင်အသိုင်းအဝိုင်း အသုံးအနှုန်းကို ကန့်ကွက် ဆန္ဒပြ

ရသေ့တောင်တွင် မူဆလင်အသိုင်းအဝိုင်း အသုံးအနှုန်းကို ကန့်ကွက် ဆန္ဒပြ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်းဟု ခေါ်ဆိုရမည်၊ ရခိုင်လူမျိုးကို ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာ ကိုးကွယ်သူများဟု ခေါ်ဆိုရမည် ဆိုသည့် လက်ရှိ အစိုးရ၏ ထုတ်ပြန်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ရသေ့တောင်မြို့တွင် ယနေ့ ဇူလိုင်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက လူပေါင်း တစ်ထောင်ကျော်က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ဟု သိရသည်။

ယနေ့ပြုလုပ်သော ဆန္ဒပြရခြင်း ရည်ရွယ်ချက်မှာ ရခိုင်လူမျိုး ကမ္ဘာတည်သရွေ့တည်တံ့ရေး၊ ဘင်္ဂါလီကို ဘင်္ဂါလီဟု ရာသက်ပန်ခေါ်ဆိုရေးအတွက် ဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမောင်လှမြင့်ကပြောသည်။

သူက ဆက်လက်၍ “ရခိုင်ပြည်နယ်အစိုးရကတော့ ရခိုင်လူမျိုးကို ရခိုင်လူမျိုးလို့ပဲ ခေါ်တော့မယ်လို့ ကျေညာချက် ထုတ်ပြန်ထားပါပြီ၊ ကျွန်တော်တို့ လိုချင်တာက ပြည်နယ်အစိုးရ အဆင့်သာမကပဲ ပြည်ထောင်စုအဆင့် အစိုးရကပါ ရခိုင်လူမျိုးကို ရခိုင်လူမျိုးလို့ပဲခေါ်မယ်၊ နောက်တစ်ခါ ဘင်္ဂါလီကိုလည်း ဘင်္ဂါလီလို့ပဲ ခေါ်မယ်ဆိုတာတွေကို ပြည်ထောင်စု အစိုးရ အနေနဲ့ ကျေညာချက် ထုတ်ပေးစေချင်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

2016 07 10 11 14 23

ဆန္ဒပြပွဲတွင်ပါ၀င်ခဲ့သူ ဦးမောင်စိန်ဝင်းကလည်း “မြို့တစ်ပတ် လမ်းလျှောက် ဆန္ဒပြပြီးတော့ ဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဆရာတော်နှစ်ပါး၊ ဦးမောင်လှမြင့် နဲ့ ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ်ဥက္ကဋ္ဌ ဦးစိန်လှအောင်တို့က ဟောပြောခဲ့ကြပါတယ်။ ဘင်္ဂါလီအသုံးအနှုန်းကို သူတို့ လက်မခံဘဲ ရိုဟင်ဂျာဆိုပြီးတော့ သုံးနှုန်းလာကြတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာတစ်နိုင်ငံလုံးက လက်မခံတဲ့အခါ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်းဆိုပြီးတော့ သုံးနှုန်းလာခဲ့ကြတာတွေဟာ လုံးဝ လက်မခံနိုင်တာတွေ ဖြစ်တယ်ဆိုတာကို ဟောပြောခဲ့ကြပါတယ်”ဟု ဆိုသည်။

ကြွေးကြော်သံများအနေဖြင့် “ ရခိုင်ပြည် မပျောက်ပျက်ရေး ဒိုးရေး၊ ရခိုင်လူမျိုး မပျောက်ပျက်ရေး ဒို့ရေး၊ ကမ္ဘာတည်သရွေ့ ရခိုင်လူမျိုးတည်ရမည်၊ ဘင်္ဂလီကို ဘင်္ဂလီဟု ခေါ်ဆိုပါ၊ တိုင်းရင်းသား တန်းတူညီမျှရေး ဒို့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့ရေး”တို့ကို ကြွေးကြော်ခဲ့ကြသည်ဟု သိရှိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...