တောင်ကျချောင်းရေကြောင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မြေကြီးထဲမှ ထွက်ပေါ်လာရာမှ အမ်းဒေသခံများစိုးရိမ်

တောင်ကျချောင်းရေကြောင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မြေကြီးထဲမှ ထွက်ပေါ်လာရာမှ အမ်းဒေသခံများစိုးရိမ်
by -
နိရဥ္စရာ
အမ်းမြို့နယ်၊ စခန်းမော်ကျေးရွာအုပ်စုတွင် တောင်ကျချောင်းရေကြောင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း မြေကြီးထဲမှ ပေါ်ထွက်လာသဖြင့်  ဒေသခံများ အနေဖြင့် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကဖြစ်နေကြကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်၊ စခန်းမော်ကျေးရွာအုပ်စု၊ လုပျိုချောင်းကျေးရွာအနီး ပြောင်ကျ ချောင်းဝတွင် (၁)နေရာ၊ အထက်ဇင်ဂေါင်းကျေးရွာအနီး ဖျောက်ဦးချောင်းတွင် (၁)နေရာနှင့် ခမောင်းချောင်းကျေးရွာအနီး မုဆိုးမကန်ချောင်းတွင် (၁)နေရာ စုစုပေါင်း(၃)ခု ပိုက်လိုင်း မြေပေါ်သို့  ထွက်ပေါ်နေသည်ဟု သိရသည်။

“မကြာခင်​ ရက်​ပိုင်​းကပဲ ပိုက်​လိုင်​း​ပေါ်​နေတာကိုသိရတာပါ။ ပိုက်လိုင်းကို အပေါ်က ဖုံးအုပ်ထားတဲ့ ပလပ်စတစ်ပေါ်နေတာက နှစ်နေရာပါ။  ပိုက်လိုင်းအလုံးလိုက် ပေါ်နေတာက တစ်နေရာပါ။ ဒေသခံတွေက ဒီချောင်းတွေကို ဖြတ်ပြီး လယ်လုပ်ဖို့ နေ့စဉ်ဖြတ်ကူးပြီး သွားလာနေကြတယ်။ ချောင်းထဲကို ဆင်းပြီး သွားမယ်ဆိုရင် ခါးလောက်ပဲ ရောက်ပါတယ်။ ပိုက်လိုင်းပေါ်နေတော့ ရေထဲကို နေ့စဉ်ဖြတ်ကူးပြီး သွားလာနေကြတဲ့ ဒေသခံတွေက စိုးရိမ်နေကြတယ်” ဟု အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့် လှုပ်ရှားမှု အဖွဲ့ဥက္ကဋ္ဌ ကိုမျိုးလွင် ကပြောသည်။

လူပျိုချောင်းကျေးရွာအနီးမှ ပြောင်ကျချောင်းဝနေရာတွင် ပိုက်လိုင်း အလုံးလိုက် ပေါ်နေပြီး ဒေသခံများနေ့စဉ်ဖြတ်ကူးသွားလာနေကြသော နေရာဖြစ်၍ အမြန်ပြုပြင်ရန် လိုအပ်ကြောင်း ကိုမျိုးလွင် ကပြောသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...