အပေါက်ဝကျေးရွာတွင် မြစ်ကမ်းပါးပြိုရာမှ ရှေးဟောင်းကျောက်ဆင်းတု စတုပါစေတီများ တွေ့ရှိ

အပေါက်ဝကျေးရွာတွင် မြစ်ကမ်းပါးပြိုရာမှ ရှေးဟောင်းကျောက်ဆင်းတု စတုပါစေတီများ တွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် မြစ်ကမ်းပါးပြိုကျရာမှ ရှေးဟောင်းလက်ရာ ကျောက်ဆင်းတု စတုပါ စေတီငယ်များ၏ အစိတ်အပိုင်းယူဆရသည်များကို  တွေ့ရှိခဲ့ကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောသည်။

၎င်းရှေးဟောင်း ပစ္စည်းများကို အပေါက်ဝ ကျေးရွာ ချောင်းဝရပ်ကွက်ရှိ ဦးမောင်သာလှ နေအိမ်ခြံဝင်း ကမ်းပါးပြိုကျရာမှ ယခုကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အပြင်မှာ သတင်းတွေထွက်နေသလို ရ ရက်နေ့ကတွေ့တာမဟုတ်ပါဘူး။ ၅ ရက်နေ့ ကတည်း ကနေ ရေကြီးနေတဲ့အခါ ကမ်းပါးပြိုရာကနေ အခုလို တွေ့ရှိတာပါ။ ပလ္လင်ဆိုတာထက် စတုပါပုံစံပါပဲ ” ဟု အပေါက်ဝကျေးရွာမှ စာတိုက်မှူး ဦးမောင်လှရွှေက ပြောသည်။

narinjara1101

ယခုရရှိခဲ့သည့်ပစ္စည်းများမှာ ကျောက်ဆင်းတုလက်ရာများဖြစ်ပြီး ကမ်းပြိုသည့် နေရာတွင် ဘုရားဆင်းတုတော်များရှိနိုင်/မရှိနိုင်ကို ဆက်လက် ရှာဖွေ နေသေးကြောင်းလည်း ဒေသခံများက ပြောသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...