မြောက်ဦးမြို့နယ် ရွာဟောင်းတောရွာမှ လူ ၆ ဦး ရေမျော ပျောက်ဆုံးနေ

မြောက်ဦးမြို့နယ် ရွာဟောင်းတောရွာမှ လူ ၆ ဦး ရေမျော ပျောက်ဆုံးနေ
by -
နိရဥ္စရာ
စစ်တွေမြို့တွင်လည်း ဇူလိုင်လ ၅ ရက်နေ့က ဤသို့ ရေကြီးခဲ့ပါသည်
စစ်တွေမြို့တွင်လည်း ဇူလိုင်လ ၅ ရက်နေ့က ဤသို့ ရေကြီးခဲ့ပါသည်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာဟောင်းတော ကျေးရွာမှ ဇူလှိုင်လ ၄ ရက်နေ့က သစ်ဖောင်နှင့် အတူ ရေစီးထဲတွင် မျောပါသွားသူ ၆ ဦးမှာ ယခုအချိန်ထိ အိမ်ကို ပြန်မရောက်သဖြင့် မိသားစုများ အထူး စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

မြောက်ဦးမြို့ မြို့ဦးခေါင်း ဆရာတော်က “ ဆွေမျိုးမကင်းတဲ့သူတွေလည်း ပါသွားတယ်။ လေးမြို့ချောင်း အထက်ပိုင်း ဖန်ချောင်းထဲမှာ သစ်ဝါးခုတ်ရင်း မိုးသည်းထန်ရာကနေ သစ်ဖောင်နဲ့အတူ ဇူလိူင်လ လေးရက်နေ့က ရေစီးနဲ့ အတူ မျောပါသွားတယ်လို့ သိရတယ်။ ဒီနေ့ထက်ထိ သတင်းမရသေးဘူး” ဟု ပြောသည်။

ပျောက်ဆုံးနေသူများထဲတွင် မြောက်ဦးမြို့ ရွာဟောင်းတော ကျေးရွာမှ မောင်ယဉ်သိန်း၊ သာလှနှင့် လူ ၆ ဦး ဖြစ်ပြီး ရွာရှိ မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

သူတို့နှင့် အတူ အလုပ်လုပ်ကိုင်ခဲ့သူ အောင်ရွှေသိန်းမှ လူ၆ ဦး ပျောက်ဆုံးနေကြောင်း ကို ပြောပြရာမှ မိသားစုများ သိရှိရခြင်း ဖြစ်ပြီး သူတို့နှင့် ပတ်သက်၍ သတင်းရရှိပါက မြို့ဦးခေါင်းဆရာတော် (ဖုန်း- ၀၉၄၂၁၇၅၉၄၄၁) မှ တစ်ဆင့် မိသားစုများထံသို့ ဆက်သွယ်အကြောင်းကြားပေးကြပါဟု မေတ္တာရပ်ခံထားသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...