မြောက်ဦးတွင် ရေလွမ်းနေစဉ် မြေးအဘွားနှစ်ဦး နေသည့်အိမ် မီးလောင်

မြောက်ဦးတွင် ရေလွမ်းနေစဉ် မြေးအဘွားနှစ်ဦး နေသည့်အိမ် မီးလောင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် မြစ်ရေလွှမ်းနေစဉ် မြို့ပေါ်ရှိ ဝသဲရပ်ကွက်၌ ဇူလိုင်လ ၆ ရက်နေ့က မြေးအဘွားနှစ်ဦးသာ နေထိုင်သည့် အိမ်အောက် ရေမြုပ်နေသောအိမ် မီးလောင်သွားကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောသည်။

“ဒီကနေ့ညနေ ၄ နာရီလောက်မှာ လောင်သွားတာပါ။ မီးကြွင်းမီးကျန်က လောင်တာဖြစ်ပြီး အိမ်တစ်ဆောင်လုံး မီးလောင်ပျက်စီးသွားပါ တယ်။”ဟု မြောက်ဦးမြို့ခံ ဦးဘညွန့် နိရဥ္စရာသို့ ယနေ့ညနေပိုင်းက ပြောသည်။

မီးလောင်ပျက်စီးသွားသည့်အိမ်မှာ ဓနိမိုး၊ ဝါးထရံကာဖြစ်ပြီး ထိုအိမ်တွင် မြေးအဘွားနှစ်ဦးတည်း နေထိုင်ကြကြောင်း သိရသည်။

“အိမ်အောက်မှာ ရေတက်နေတော့ အိမ်ပေါ်တက်နေကြတယ်ပေါ့လေ။ ရာသီဥတုကအေးတော့ အဘွားဖြစ်သူက မနက်ကနေ အိမ်ပေါ်မှာ မီးဖိုပြီး မီးလှုံတယ်။ အဲဒါ မီးကြွင်းမီးကျန်ကြောင့် အခုလိုလောင်သွားတာ”ဟု ဦးဘညွန့်က ဆက်ပြောသည်။

nainjara701

အိမ်ပိုင်ရှင်မြေးအဘွားနှစ်ဦးမှာ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ လက်ရှိတွင် ရပ်ကွက်တွင်းနေအိမ်တစ်ခုတွင် ခိုလှုံနေရသည်ဟုဆိုသည်။

မီးလောင်ချိန်တွင် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းမီးငြိမ်းမှုကြောင့် အခြားအိမ်းကို မကူးဆက်ဘဲ အဆိုပါနေအိမ် တစ်လုံးတည်းလောင် ကျွမ်းသွားကြောင်း သိရသည်။

ရေလွှမ်းနေသည့်မြောက်ဦးတွင် လက်ရှိ၌ ရေများပြန်ကျနေပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်များမှ ရေဘေးဒုက္ခသည်အများအပြားသည် ဗန္ဓုလရပ်ကွက်ရှိစာသင်ကျောင်းတွင် ခိုလှုံနေကြရကြောင်းလည်း မြို့ခံများက ပြောသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...