အမေရိကန် သံအမတ် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

အမေရိကန် သံအမတ် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာသော အမေရိကန် သံအမတ် Scot Marciel သည် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များနှင့် ဇူလှိုင်လ ၆ ရက် ယနေ့ ညနေတွင် တွေ့ဆုံမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အတည်ပြုပြောကြားသည်။

Scot Marciel“သံအမတ်က ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံဖို့ တောင်းဆိုနေတာ အကြိမ်ကြိမ်ရှိနေပါပြီ။ ဒီတစ်ကြိမ်တော့ တွေ့ဆုံဖို့ လက်ခံလိုက်ပါတယ်။ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဦးဆောင်ပြီး တွေ့ဆုံမှာ ဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံတဲ့အခါမှာ ဘာတွေပြောမလဲဆိုတာကို ANP ပါတီအနေနဲ့ တစ်စုံတစ်ရာ ပြင်ဆင်ထားတာ မရှိသေးပါဘူး။ တွေ့ဆုံတဲ့အခါ သူဘာတွေ ပြောမလဲဆိုတဲ့အပေါ်မှာပဲ မူတည်မှာပါ”ဟု ဒေါက်တာအေးမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အမေရိကန် သံအမတ်သစ်ခရီးစဉ်သည် ဘင်္ဂလီများကို NVC ကတ် ထုတ်ပေးမှုနှင့် တိုက်ဆိုင်နေသည့်အပြင် ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းကိုလည်း ကာယကံရှင်များ ဆန္ဒအပေါ်တွင် မူတည်ပြီး သုံးစွဲသွားမည်ဟု ပြောကြားထားသူလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများက ၎င်းအသုံးအနှုန်းကို လက်မခံသည်သာမက ရခိုင်လူမျိုးသည် ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်း ဆိုသည့် အသုံးအနှုန်းကိုလည်း ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်အနှံ့အပြားတွင် ဇူလိုင်လ ၃ ရက်နေ့က တစ်ပြိုင်နက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

အလားတူ ရခိုင်ပြည်နယ်မှ မူဆလင်အသုံးအနှုန်းကို ဆန္ဒပြကန့်ကွက်မှုတစ်ခုကို တိုင်းရင်းသား ပေါင်းစုံပါ၀င်၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့တွင်လည်း ပြုလုပ်သွားမည်ဟု သိရှိရသည်။

မြန်မာ သံအမတ်ကြီး အဖြစ် ၎င်းသည် ၂၀၁၆ ခုနှစ် ဧပြီလမှ စတင် တာဝန် ထမ်းဆောင်သည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...