အမေရိကန် သံအမတ် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

အမေရိကန် သံအမတ် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာသော အမေရိကန် သံအမတ် Scot Marciel သည် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များနှင့် ဇူလှိုင်လ ၆ ရက် ယနေ့ ညနေတွင် တွေ့ဆုံမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အတည်ပြုပြောကြားသည်။

Scot Marciel“သံအမတ်က ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံဖို့ တောင်းဆိုနေတာ အကြိမ်ကြိမ်ရှိနေပါပြီ။ ဒီတစ်ကြိမ်တော့ တွေ့ဆုံဖို့ လက်ခံလိုက်ပါတယ်။ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဦးဆောင်ပြီး တွေ့ဆုံမှာ ဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံတဲ့အခါမှာ ဘာတွေပြောမလဲဆိုတာကို ANP ပါတီအနေနဲ့ တစ်စုံတစ်ရာ ပြင်ဆင်ထားတာ မရှိသေးပါဘူး။ တွေ့ဆုံတဲ့အခါ သူဘာတွေ ပြောမလဲဆိုတဲ့အပေါ်မှာပဲ မူတည်မှာပါ”ဟု ဒေါက်တာအေးမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အမေရိကန် သံအမတ်သစ်ခရီးစဉ်သည် ဘင်္ဂလီများကို NVC ကတ် ထုတ်ပေးမှုနှင့် တိုက်ဆိုင်နေသည့်အပြင် ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းကိုလည်း ကာယကံရှင်များ ဆန္ဒအပေါ်တွင် မူတည်ပြီး သုံးစွဲသွားမည်ဟု ပြောကြားထားသူလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများက ၎င်းအသုံးအနှုန်းကို လက်မခံသည်သာမက ရခိုင်လူမျိုးသည် ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်း ဆိုသည့် အသုံးအနှုန်းကိုလည်း ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်အနှံ့အပြားတွင် ဇူလိုင်လ ၃ ရက်နေ့က တစ်ပြိုင်နက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

အလားတူ ရခိုင်ပြည်နယ်မှ မူဆလင်အသုံးအနှုန်းကို ဆန္ဒပြကန့်ကွက်မှုတစ်ခုကို တိုင်းရင်းသား ပေါင်းစုံပါ၀င်၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့တွင်လည်း ပြုလုပ်သွားမည်ဟု သိရှိရသည်။

မြန်မာ သံအမတ်ကြီး အဖြစ် ၎င်းသည် ၂၀၁၆ ခုနှစ် ဧပြီလမှ စတင် တာဝန် ထမ်းဆောင်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...