ကျောက်ဖြူတွင် လူတစ်သောင်းခန့် လိုလားချက်နှစ်ခုအတွက် ဆန္ဒဖော်ထုတ်

ကျောက်ဖြူတွင် လူတစ်သောင်းခန့် လိုလားချက်နှစ်ခုအတွက် ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းဟု ခေါ်ဆိုမှုအား ရပ်တန့်ပေးရေးနှင့် ၁၉၈၂ ဥပဒေနှင့်  အညီ နိုင်ငံသား စိစစ်ရေးတွင် ဒေသခံကိုယ်စားလှယ်များ ပါ၀င်ခွင့်ရရှိရေး အတွက် ကျောက်ဖြူတွင် ဇူလှိုင်လ ၄ ရက် နေ့လယ်က လူတစ်သောင်းခန့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် ရည်ရွယ်ချက်နှစ်ချက်ရှိကြောင်း လက်​ရှိအစိုးရမှ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းဟု သုံးနုန်းခြင်​းရပ်တန့်ပေးရေးနှင့် နိုင်​ငံသားစိစစ်​​ရေး​လုပ်​ငန်​းစဉ်​မှာ အရပ်​ဘက်​ကိုယ်​စားလှယ်​​တွေပါဝင်​ခွင်​့ရရှိ​ရေးအတွက်​ ဆန္ဒပြ​တောင်​းဆိုရတာဖြစ်​တယ်​ဟု ဦး​ဆောင်​ဆန္ဒပြသူ ဦးစံထွန်​း​အောင်​ က​ပြောသည်​။

ဆန္ဒဖော်ထုတ်သူများသည် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဘုရားကြီးတောင်ကွင်းတွင် စတင် စုဝေးခဲ့ပြီး  ဘုရားကြီးလမ်း၊ စျေးလမ်း၊ ဗိုလ်ချုပ်လမ်း အတိုင်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နာရီစင်ကွင်းတွင် ရပ်တန့် ခဲ့ကြောင်းသိရသည်။

၎င်းဆန္ဒဖော်ထုတ်ပွဲသို့ ကျောက်ဖြူမြို့နှင့် ကျေးလက်ဒေသမှလူပေါင်း တစ်သောင်းခန့်နှင့် သံဃာတော်(၇၀)ခန့် ပူးပေါင်းပါ၀င်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင်းမှ မူဆလင်အသိုင်းအဝိုင်းအသုံးအနုန်းကြောင့် ဇူလိုင်လ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြို့(၁၃)ခုတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...