မြစ်ရေကြီး၍ ငဝက်စွယ်ကျေးရွာ စာသင်ကျောင်းရေနစ်မြုပ်

မြစ်ရေကြီး၍ ငဝက်စွယ်ကျေးရွာ စာသင်ကျောင်းရေနစ်မြုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့ငဝက်စွယ်ကျေးရွာရှိ အလယ်တန်း(ခွဲ)ကျောင်းမှာ မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်နေပြီး ကလေးသူငယ်များ ကျောင်း မတက်ရဘဲ ဖြစ်နေကြာင်း သိရသည်။

ယင်းငဝက်စွယ်ကျေးရွာ အလယ်တန်း(ခွဲ)တွင် အလယ်တန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့်  ဆရာဦးဇော်လွင်မောင်အား ဆက်သွယ်မေးမြန်းရာ သူက  “ခုလို မိုးရာသီဆိုတော့ မိုးကလည်းကြီး မြစ်ရေကလည်းကြီးတော့ ကျောင်းသွားလမ်းတွေနစ်မြုပ်တယ်။ ကျောင်းစာသင်ခန်းကိုပါ ရေဝင် ပါတယ်။  ခုလိုအချိန်ဆို ကျွန်တော်တို့ စာသင်ဖို့အတွက် အခက်အခဲဖြစ်လေ့ရှိပါတယ်။ ကျောင်းသားတွေ အတွက်ကလည်း သွားလာရအဆင်မပြေဘူး” ဟုနိရဥ္ဇရာသိုပြောသည်။

FB IMG 1467616967119

ငဝက်စွယ်ကျေးရွာမှ ဒေသခံဆရာမ ဒေါ်စိုးစိုးဝင်းကလည်း “ကျွန်မတို့ကျောင်းက ရေပေါ်ကျောင်းလို ဖြစ်နေပါတယ်။ မြစ်ရေကြီးရင် ကျောင်းတက်လို့မရတော့ဘူး။ ကလေးတွေ အခက်အခဲဖြစ်ပါတယ်။ ရွာထဲလည်း ရေဝင် တော့ ပိုဆိုးတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

ငဝက်စွယ်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးထွန်းအေးကျော်က “ကျွန်တော်တို့ အဓိက ကျောင်းသွားလမ်းက ချောင်းနဲ့နီးတယ်။ လမ်းကို ကျောက်ချောလေးတွေနဲ့ ဆယ်ထားတဲ့ သဘောရှိပြီးတော့ အနိမ့်အမြင့်မညီဘူး အန္တရာယ်များပါတယ်။ဒီလိုရေကြီးတဲ့ အချိန်ဆို သူငယ်တန်းကနေ ၄ တန်းအထိ ကလေးတွေအတွက်အဆင် မပြေပါဘူး။အစိုးရတွေအနေနဲ့လည်း ကြည့်ရှုလုပ်ပေးရင် ပိုအဆင်ပြေမှာပါ” ဟု နိရဥ္ဇရာသို့ပြောသည်။

ငဝစွယ်ကျေးရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီးတော့ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား အင်အား ၄၀၀ ကျော်ရှိကြောင်း တစ်ကျွန်းတည်းဖြစ်ကာ မြစ်ရေကြီး ချိန်တွင်ကျောင်းသားများမှာ ကျောင်းခန်းထိရေဝင်သော ကြောင့် ကျောင်းတက်ရန်အဆင် မပြေကြောင်းသိရသည်။

ယခုလိုရေကြီးပြီး ကျောင်းခန်းထဲရေဝင်သည်မှာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ပင်စပြီး ကျောင်းဆောင်ကို မြင့်တင်ဖို့လိုကြောင်းဆရာ ဦးဇော်လွင်ဦးမှ ဆက်ပြောသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...