မြေကြီးတွင် တူး၍ ၀ှက်ထားသော ပိုင်ရှင်မဲ့ အရက် ဂါလံတစ်ထောင် ကျောက်ဖြူတွင် ဖမ်းမိ

မြေကြီးတွင် တူး၍ ၀ှက်ထားသော ပိုင်ရှင်မဲ့ အရက် ဂါလံတစ်ထောင် ကျောက်ဖြူတွင် ဖမ်းမိ
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ် တွင် မြေကြီးထဲ ကျင်းတူး၍ ၀ှက်ထားသော ပိုင်ရှင်မဲ့ အုန်းရည် အရက် ဂါလံ တစ်ထောင်ကို ဇူလှိုင်လ ၃ ရက်နေ့က ဖမ်းဆီးမိခဲ့သည်ဟု  ရဲက ပြောသည်။

၎င်း အရက် ဂါလံ တစ်ထောင်အား ပေပါ အလုံးပေါင်း ၂၀ ဖြင့်  ကျောက်ဖြူမြို့နယ်၊ ကလန့်တဲ ကျေးရွာအုပ်စု၊ မူရွင်းကျေးရွာ၏ အနောက်ဘက်ရှိ အထက်တောကွင်း မြေကြီးတွင် ကျင်းတူး၍ မြှုပ်ထားသည်ကို  ဇူလှိုင်လ ၃ ရက်နေ့ နံနက် ရ နာရီခန့်က ဖမ်းဆီးမိသည်ဟု ဇင်ချောင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

၎င်း  အထက်တောကွင်းသည် ပင်လယ်ကမ်းစပ်နှင့် ကိုက် ၁၅၀ ခန့်အကွာတွင် ရှိကြောင်း၊ ဂါလံ ၅၀ ဆ့ံ ပေပါအပြာရောင် အလုံး ၂၀ နှင့် မြေကြီးထဲတွင် တူး၍ မြုပ်ထားကြောင်း၊ စုစုပေါင်းအရက်များ၏  ကာလတန်ဖိုးမှာ ကျပ်ငွေ (၁၈)သိန်းရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တရားမဝင်အရက်များသိုလှောင်ထားရှိကြောင်းသတင်းအရ ဇင်ချောင်းရဲစခန်းမှူး ရဲအုပ်ခင်မောင်ဝင်း ဦးစီး(၅)ဦးနှင့် ကလန့်တဲအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ အရပ်လူကြီး ဦးခင်မောင်ဌေး၊ ဦးအေးကို တို့ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင်အရက်များတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

Alcohol 1

ဖမ်းဆီးရမိသော တရားမဝင်ပိုင်ရှင်မဲ့ အုန်းရည်အရက်များအား ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ပို့ဆောာင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် တရားမဝင်အရက်ရောင်းချမှုများနှင့် လိုင်စင်မဲ့အရက်ဆိုင်များကို ယခုအခါ စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...