လယ်သမားများထံမှ အဓမ္မငွေကြေး တောင်းယူနေမှုကို အထက် တာဝန်ရှိသူများ တားဆီးပေးစေလို

လယ်သမားများထံမှ အဓမ္မငွေကြေး တောင်းယူနေမှုကို အထက် တာဝန်ရှိသူများ တားဆီးပေးစေလို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဂန်းဂျားကျေးရွာအုပ်စုတွင် လယ်သမားများ ဘဏ်ချေးငွေ ထုတ်ယူရာတွင် လယ်သမားတစ်ဦးထံမှ ၃၀၀၀ ကျပ်ကျစီ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ငွေကောက်ခံနေသည့်အပြင် ပြေစာအတွက် ၅၀၀ ကျပ်စီ အဖြတ်ခံနေရသဖြင့် မရှိဆင်းရဲ လယ်သမားများ နစ်နာနေ၍ အထက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် စိစစ်ပေးစေလိုသည်ဟု ဂန်းဂျားကျေးရွာမှ အမည်မဖေါ်လိုသည့် လယ်သမားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ တိုင်ကြားသည်။

“ဘဏ်က ချေးငွေ ထုတ်ယူတဲ့အခါ ပြေစာခအတွက်ပါ ဧကအလိုက် ဖြတ်ယူပြီးသားပါ။ အလွတ် အနေနဲ့ ပေးနေစရာမလိုပါဘူး။ ငွေ ၁၀-၂၀ ကျပ် ကျသင့်တာတစ်ခုကို ၅၀၀ ကျပ်တောင်းတယ်။ ယခင်နှစ်တွေကဆိုရင် လယ်သမားတစ်ယောက်ဆီက ခရီးစရိတ်အဖြစ် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ၁၀၀၀ ကျပ်စီ ပေးကြရပါတယ်။ အခုနှစ်မှကျတော့ ၃၀၀၀ ကျပ်ထိ ပေးနေရတယ် ဆိုတော့ ဒီလိုပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ မဖြစ်သင့်တော့ပါဘူး။ ဒီလိုပုံစံမျိုး နောက်ထပ် မဖြစ်စေချင်လို့ တိုင်ကြားရတာပါ”ဟု အဆိုပါ လယ်သမားက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အယင်အစိုးရလက်ထက်ခါကလည်း ယင်းကဲ့သို့ လယ်သမားများထံမှ ခေါင်းပုံဖြတ်မှုများရှိခဲ့ကြောင်း၊ ယခု အစိုးရလက်ထက်တွင် လယ်သမားများကို ခေါင်းပုံဖြတ်မှု ပပျောက်စေလိုသော်လည်း ပိုဆိုးလာကြောင်း၊ ယခုကဲ့သို့ အတင်းအဓမ္မမ ငွေတောင်းခံခြင်းသည် ဥပဒေနှင့်မညီညွတ်ကြောင်း၊ ယခု NLD အစိုးရလက်ထက်တွင် အဂတိလိုက်စားမှု ကင်းရှင်းရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောထားကြောင်း၊ ကျေးလက်များတွင် တိုင်ကြားမည့်သူမရှိ၍ အဂတိလိုက်စားမှု ပိုဆိုးကြောင်း၊ ဤအကြောင်းအရာများကို မြို့နယ် အုပ်ချုပ်ရေးမှု သိရှိသွားလျှင် ဆုံးမနိုင်မည်ဖြစ်၍ ယခုကဲ့သို့ တိုင်ကြားရခြင်းဖြစ်သည်ဟု အဆိုပါ လယ်သမားက ပြောသည်။

သို့သော် ဂန်းကျားကျေးရွာအုပ်ချုပ်ရေးမှူးကို နိရဥ္စရာသတင်းဌာနအနေဖြင့် အဆက်အသွယ် မရရှိခဲ့သဖြင့် ဤအဖြစ်အပျက် ဟုတ် မဟုတ် အတည်မပြုနိုင်သေးပါ။

ရခိုင်ပြည်နယ်တွင် မြို့နယ်အသီးသီးမှ လယ်သမားများအနေဖြင့် ဘဏ်ချေးငွေ ထုတ်သည့်ကာလတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ငွေထုတ်ပေးနေသည့် အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူ အချို့၏ အဓမ္မ ငွေကြေး ကောက်ခံမှုကို ခံနေရသည်ဟု နိရဥ္စရာသတင်းဌာန အနေဖြင့် လေ့လာသိရှိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...