ခွန်တန်နှင့် ၆ ဦးကို အမျိုးသမီးဖခင်တစ်ဦးက ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

ခွန်တန်နှင့် ၆ ဦးကို အမျိုးသမီးဖခင်တစ်ဦးက ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
ခွန်တန်(ခ)ဇာတ်လိုက်(Photo/Facebook)
ခွန်တန်(ခ)ဇာတ်လိုက်(Photo/Facebook)

မွန်ပြည်နယ် သထုံမြို့နယ် စရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတရာနယ်မြေနေ ဦးဝင်းညွန့်ဆိုသူမှ ခွန်တန် (ခ) ဇာတ်လိုက်အပါအဝင် အမျိုးသား ၇ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားသည်ဟု သထုံမြို့မရဲစခန်းထံမှ သိရသည်။

ဦးဝင်းညွန့်သည် ၄င်း၏ သမီး ၂ ဦးကို ခန်တန် (ခ) ဇာတ်လိုက်ဆိုသူမှ အလိုမတူဘဲ အဓ္ဓမခိုးယူပေါင်းသင်းသည့် စွဲချက်ဖြင့် အောက်တိုဘာ ၂၄ ရက်နေ့က ၇ ဦး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၆ (အတင်းအဓမ္မခိုးယူပေါင်းသင်းမှု) ၊ ၃၆၃ (လူခိုးမှု)၊ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့် သထုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သထုံမြို့မရဲစခန်းမှ ဒုရဲမှူး မောင်မောင်က ပြောသည်။

“မနေ့က ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်တွေရဲ့ ဖခင်တစ်ဦးကနေ အမှု လာဖွင့်ထားပါတယ်၊ ပုဒ်မ ၃ ခုနဲ့ပါ၊ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ရင် ခွန်တန်နဲ့ ၆ ဦးကို ဖမ်းဆီးဖို့ဆောင်ရွက်သွားမယ်” ဟု ဒုရဲမှူး မောင်မောင်က ပြောသည်။

အသက် ၁၅ နှစ်အရွယ် ဦးဝင်းညွန့်၏ သမီးကို လက်ထပ်ယူရန် ခွန်တန်နှင့် အဖွဲ့မှ ပြောဆိုလာခဲ့သည်ကို  ဦးဝင်းညွန့်က ၄င်း၏ သမီသည် အရွယ်မရောက်သေးသည့်အတွက် သဘောမတူကြောင်း ပြောဆိုခဲ့ရာ နောက်တစ်နေ့တွင် သမီးဖြစ်သူကို ခွန်တန်က ခေါ်ဆောင်သွားကြောင်း သိရသည့်အတွက် သဘောမတူသော်လည်း လက်ထပ်ပွဲကို ခွင့်ပြုခဲ့ရကြောင်း တစ်လအကြာတွင် ခွန်တန်မှ ၄င်း၏ သမီးကို အိမ်ပြန်ပို့ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ထိုအတူ ဦးဝင်းညွန့်၏ သမီးအကြီးဖြစ်သူကိုလည်း ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူက အဓ္ဓမခိုးယူပေါင်းသင်းမှု ပြုလုပ်ခဲ့သည်ဟုလည်း ဆိုထားသည်။

မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်လွှတ်တော်သို့လည်း ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူကို အရေးယူပေးရန် အမျိုးသမီး ၆ ဦး ကိုယ်စား အမျိုးသမီးဖခင်တစ်ဦးက တိုင်းကြားထားသလို အလံတရာအုပ်ချုပ်ရေးမှူးကို တိုင်ကြားထားသည့် တိုင်စာတစ်စောင်လည်းရောက်ရှိနေသည်ဟု မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီထံမှ သိရသည်။

တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် လွှတ်တော်၌ ကြားနာစစ်ဆေးမှု ပြုလုပ်မည်ဟု မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူနှင့် ပတ်သက်သည့် အမျိုးသမီးများအနက်မှ မိဘများမှ ပထမဆုံးအကြိမ် အမှုဖွင့်ခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...