ကျောက်ဖြူတွင် အရက်အတူသောက်ရာမှ လူသတ်မှု ဖြစ်ပွား

ကျောက်ဖြူတွင် အရက်အတူသောက်ရာမှ လူသတ်မှု ဖြစ်ပွား
by -
နိရဥ္စရာ
ကျောက်ဖြူမြို့တွင် အရက်တူသောက်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ ၎င်း လူသတ်မှုမှာ ဇွန်လ ၁၇ ရက် ညနေ ရ နာရီခန့်က ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ရုံးတက်လမ်းနှင့် ကမ်းနားလမ်းကြား ဖြတ်လမ်း(၄)အနီး ကွမ်းယာဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓါးထိုးခံရသူ ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ခရိုင်တရားရုံးဆင့်စာ လုလင် စိုးမင်းနိုင် အသက်(၂၆)နှစ်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး  အရက်အတူသောက်၍ ပြန်လာရာတွင်  စကားများရာမှ စေတီတောင်ရပ်ကွက်မှ မောင်မြင့်ဦး (၃၉) နှစ်မှ  စိုးမင်းနိုင် အသက်(၂၆)နှစ် ဓါးဖြင့်ထိုး သတ်လိုက်သည်ဟု ကျောက်ဖြူရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

“ အရက်သောက်ဖော်သောက်ဖက်လို့ သိရပါတယ်။ တစ်ဦးနဲ့တစ်ဦးနောက်ပြောင်ရာမှ မခံချင်လို့ ဒေါသအလျောက်ဖြစ်တာလို့ ယူဆရပါတယ်“ဟု ရဲအရာရှိတစ်ဦး က ဆိုသည်။

သေဆုံးသူမှာ ရင်ဘက်တွင် ဓါးထိုးဒဏ်ရာငါးချက်ရရှိကာ သေဆုံးသွားကြောင်း၊ ဓါးနှင့်ထိုးသူ မောင်မြင့်ဦးကို အခင်းဖြစ်ပြီး တစ်နာရီအတွင်းတွင် ဖမ်းဆီးမိကြောင်း ၎င်းက ဆက်လက် ပြောသည်။

အဆိုပါအမှုအား ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးသန်းနု မှတရားလိုလုပ်တိုင်တန်းထားပြီး ကျောက်ဖြူမြို့မ ရဲစခန်း (ပ)အမှတ်၊ ၄၃၆/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အရေးယူဆောင်ရွက်လျက်ရှိပြီး ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးမိုးဇော်သူက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...