ကုလ ကိုယ်စားလှယ် ယန်ဟီးလီ ရခိုင်ပြည်နယ်သို့ လာမည်

ကုလ ကိုယ်စားလှယ် ယန်ဟီးလီ ရခိုင်ပြည်နယ်သို့ လာမည်
by -
နိရဥ္စရာ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီသည် သူမ၏  မြန်မာ ပြည် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

un yangheeleeသူမသည် ယခု ၁၉ ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ၁၂ ရက်ကြာမြင့်မည့် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ကြောင်း RFA (မြန်မာပိုင်း)က သတင်း ဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများက မစ္စ ယန်ဟီးလီ ခရီးစဉ်အတွင်း သွားရောက်မည့် နေ ရာများ၊  တွေ့ဆုံနိုင်မည့် သူများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း ကို ကိုးကား သတင်းဖော်ပြသည်။

မြန်မာခရီးစဉ်က ရရှိခဲ့သည့် အချက်အလက်များကို အခြေခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ တင်သွင်းသွားရန် ရှိကြောင်းလည်း သိရသည်။

ယခု အကြိမ်သည် သူမ၏  လေးကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် ဖြစ်ကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...