ဘင်္ဂလာဒေ့ရှ်တွင် အဆင့်မမီ ဆေးဝါးထုတ်လုပ်နေသည့် ဒါဇင်နှင့် ချီရှိသော ကုမ္ပဏီများကို ရ ရက်အတွင်း ထုတ်လုပ်မှု ရပ်တန့်ရန် ဗဟိုတရားရုံးက အမိန့်ချ

ဘင်္ဂလာဒေ့ရှ်တွင် အဆင့်မမီ ဆေးဝါးထုတ်လုပ်နေသည့် ဒါဇင်နှင့် ချီရှိသော ကုမ္ပဏီများကို ရ ရက်အတွင်း ထုတ်လုပ်မှု ရပ်တန့်ရန် ဗဟိုတရားရုံးက အမိန့်ချ
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင် အဆင့်မမီ ဆေးဝါး ထုတ်လုပ်နေသော ကုမ္ပဏီ ၂၀ ကို ရ ရက်အတွင်း ဆေးဝါး ထုတ်လုပ်မှုကို ရပ်တန့်ရန် အစိုးရကို ဗဟို တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

Medicine၎င်းအမိန့်ကို ယခုလ ရ ရက်နေ့က ချမှတ်ခဲ့ခြင် ဖြစ်ပြီး ၎င်းနေ့တွင်ပင် ပဋိဇီဝ ဆေဝါးများ ထုတ်လုပ်နေသည့် တစ်ခြား ကုမ္ပဏီ ၁၄ ကိုလည်း ပိတ်ပင်ရန် အစိုးရကို တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

တရားရုံးမှ အမိန့်ချပြီး ရက်သတ္တပတ် (၂) ပတ်အတွင်း အကောင်အထည် ဖော်ဆောင်မှု အခြေအနေကို တရားရုံးသို့ ပြန်လည် အစီရင်ခံရန် အတွက် ကျန်းမာရေး အတွင်းဝန်၊ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးဝါးဆိုင်ရာ စီမံ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ညွှန်ကြားရေးမှူးတို့ကို အကြောင်းကြားထားသည်ဟု ဆိုသည်

၎င်းကုမ္ပဏီများမှ ထုတ်သော ဆေးဝါးများသည် အဆင့်မမီသည့် အတွက် ပြည်သူများ၏ အသက်ရှင်ခွင့် အခွင့်အရေး (Right to life of Citizens) ကို ချိုးဖောက်သည်ဆိုသည့် စွဲချက်ဖြင့် ဇွန်လ ၅ ရက်နေ့က Human Rights and Peace for Bangladesh (HRPB) က ဗဟိုတရားရုံးသို့ ယင်းကုမ္ပဏီ ၂၀ ကို လိုင်စင် ဖျက်သိမ်းပေးရန် လျှောက်ထားခဲ့ခြင်း အပေါ် ကြားနာမှု ပြုလုပ်ခဲ့ပြီးနောက် ဗဟိုတရားရုံးက ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည် ဇန်နဝါရီလကလည်း ဆေးဝါးကျွမ်းကျင်သူများ ကော်မတီက ယင်းကုမ္ပဏီ ၂၀ ကို လိုင်စင်ဖျက်သိမ်းပေးရန် ပါလီမန်သို့ တင်ပြချက်အရ ပါလီမန် ကျန်းမာရေးရာ အမြဲတမ်းကော်မတီမှ တိုက်တွန်းခဲ့သည့် အတွက်ကြောင့် ကျန်းမာရေး ၀န်ကြီးဌာနက ယင်းဆေးဝါး ကုမ္ပဏီ ၂၀ ကို လိုင်စင်ဖျက်သိမ်းရန်  ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ပဋိဇီဝ ဆေးဝါး ထုတ်လုပ်မှု တားမြစ်ခံရသည့် ကုမ္ပဏီ ၁၄ ခုအပြင် ပင်နယ်ဆလင် နှင့် Cephalosporin ပဋိဇီဝဆေးများ ထုတ်လုပ်သည့် အခြား ကုမ္ပဏီ ၂၂ ခုကိုလည်း အလားတူ အရေးယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဒက္ကားမြို့တွင် နေထိုင်သူ ရိုးမကျော်က မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ဆေးဝါးများ တင်သွင်းလျက်ရှိသည့် အတွက် ယင်းကုမ္ပဏီ ဆေးဝါးများ ကို မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများနှင့် ဆေးဝါးတင်သွင်း ဖြန့်ချိသူများ သတိပြုမိစေရန် ရည်ရွယ်၍ HC orders halt on production of 20 pharmas in 7 days အား ဘာသာပြန်ပြီး  ရေးသား ပေးပို့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...