ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအပါအဝင် သုံးဦးအား (၁၃) ကြိမ်မြောက်ရုံးတင်

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအပါအဝင် သုံးဦးအား (၁၃) ကြိမ်မြောက်ရုံးတင်
by -
နိရဥ္စရာ
AA ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်သည့် စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောက်ဖြူ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးမောင်အေး၊ ကိုထွန်းသာဖြူနှင့် ကိုဇော်ဝင်းမောင်တို့ သုံးဦးအား ဇွန်လ ၁၆ ရက်နေ့က (၁၃) ကြိမ်မြောက် ရုံးတင်ခဲ့ကြောင်း သိရသည်။

၎င်းတို့သုံးဦးအမှုကို နောက်ထပ် တစ်ပတ်၊ နှစ်ပတ်အတွင်း အမိန့်ချမှတ်နိုင်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဦးတင်မြင့် ကပြောသည်။

“ တရားလိုပြသက်သေတွေ အားလုံးကိုစစ်ဆေးပြီးသွားပါပြီး။ အမှု ရင်ဆိုင်နေရသူရဲ့ဘက်က သက်သေ လေးဦးမှာ သုံးဦးစစ်ဆေးပြီးပါပြီ။  ကျန်တစ်ဦးကို နောက်တစ်ပတ်စစ်ဆေးမယ်။ ပြီးရင် စစ်ဆေးစရာ သက်သေတွေ မရှိတော့ဘူး။ လျှောက်လှဲချက်တင်ပြီးရင် အမိန့်ချမှတ်ဖို့ပဲ ကျန်တော့တယ်” ဟု ရှေ့နေ ဦးတင်မြင့် ကပြောသည်။

သူတို့ သုံးဦးကို ယခင်က မတရားအသင်းအက်ဥပဒေ ၁၇(၁)/(၂) ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဦးမောင်အေးကို မတရားအသင်း အက်ဥပဒေ ၁၇(၂)၊ ဦးထွန်းသာဖြူနှင့် ဦးဇော်ဝင်းမောင် တို့နှစ်ဦးကို မတရားအသင်းအက်ဥပဒေ ၁၇(၁)ဖြင့် ပြောင်းလဲ စွဲဆိုထားကြောင်း ရှေ့နေဦးတင်မြင့် က ပြောသည်။

ဇွန်လ ၂၄ ရက်နေ့ကို နောက်ထပ် ရုံးချိန်းနေ့ အဖြစ် တရားသူကြီးက သတ်မှတ်ပေးလိုက်သည်ဟု သိရသည်။

၎င်းတို့သုံးဦးကို ဇန်နဝါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ ဦးမောင်အေး၏ နေအိမ်မှ စစ်ဘက်ရေးရာလုံခြံုရေး တပ်ဖွဲ့က  AA နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

ဦးမောင်အေးမှာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဖြစ်ပြီး ကို ထွန်းသာဖြူမှာ ပေါက်တောမြို့နယ်၊ ယင်ရဲကန်ကျေးရွာနှင့် ဦးဇော်ဝင်းမောင်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ဖြစ်ကြသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...