ရွှေလီမြို့ တရုတ်ရဲများ မြန်မာနို်င်ငံသားများ ကို ဆက်လက် ဖမ်းဆီး နေ

ရွှေလီမြို့ တရုတ်ရဲများ မြန်မာနို်င်ငံသားများ ကို ဆက်လက် ဖမ်းဆီး နေ
by -
ကေအဲန်ဂျီ
တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တရုတ်ရဲများ က တရားမဝင် မြန်မာနိုင်ငံသားများကို မေလ နောက်ဆုံး အပတ်မှ စပြီး ယခုထိ ဖမ်ဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

ည ၈ နာရီခန့်က စပြီး တရုတ် အာဏာပိုင်များက လူနေအိမ်များတွင် ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ် နေကြောင်း ဂျယ်ခေါင်(Jiegao) တွင် အလုပ်လုပ်သူ အမျိုးသမီးတစ်ဦးက ဆိုပါသည်။

ထို့အပြင် နေ့ခင်းဘက်တွင်လည်း တရုတ်ရဲများက တရားမဝင်နေထိုင်သူဟု မသင်္ကာသူများကို စစ်ဆေးနေကြောင်း ရွှေလီမြို့တွင်း အလုပ်သမား တစ်ဦးက ပြောသည်။

တရုတ်အာဏာပိုင်များက တရုတ်ပြည်တွင်း နိုင်ငံခြားသားများနေထိုင် အလုပ်လုပ် ခွင့်ကို တင်းကြပ်လိုက်ပြီးနောက် တရားဝင် “အစိမ်းရောင်ကတ်” ဖြင့်သာ အိမ်ငှား နေထိုင် ခွင့် ရနေပြီဖြစ်သည်။

ယခင် က “အနီရောင်ကတ်” နှင့် “အစိမ်းရောင်ကတ်” (တစ်ပတ်ကတ်) တို့မှာ ရွှေလီမြို့တွင်း နေထိုင်ခွင့် ရခဲ့သော်လည်း ယခုချိန် မရတော့သည့်အပြင် ည တည်းပါက ဟိုတယ် တွင်သာ တည်းခိုရမည်ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရပါက အာဏာပိုင်များနှင့် သိကျွမ်းသူများသည် ၄င်း၏အလုပ်ရှင် သူဌေး က ငွေကြေးပေးရုံဖြင့် ပြန်လည် လွတ်မြောက်လာနိုင်ကြောင်း မြန်မာအလုပ်သမား တစ်ဦးက ပြောသည်။

သို့သော်လည်း သာမန်အလုပ်သမားလည်းဖြစ်၊ အလုပ်ရှင်သူဌေး ကလည်း မရွေးထုတ် နိုင်ပါက ဖမ်းဆီးခံရသူတို့ကို ရွှေလီမှ တဆင့် ဂျန်ခေါင် (Jang Hkawng)၊ မန်ရှီ (Mangshi) ဘက်အထိ ခေါ်ဆောင်သွားလေ့ ရှိကြောင်း အဖမ်းခံရသူတစ်ဦးနှင့် နီးစပ်သူ အလုပ်သမား တစ်ဦးက ပြောသည်။

ခေါ်ဆောင်သွားခံရသူ တစ်ဦးကို မိသားစုမှ လိုက်လံ စုံစမ်းယူရာ တရုတ်ယွမ်ငွေ (၇) ထောင် ခန့် (ကျပ် ၁၂ သိန်းကျော်) ကုန်ကျခဲ့ကြောင်း သိရသည်။

တရုတ်အာဏာပိုင်များ အနေဖြင့် တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီး အရေးယူရန် ဧပြီလမှ စပြီး အသိပေး ထားသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...