ကျောက်ဖြူတွင် စိတ်ကြွဆေးပြား (၄)ပြားနှင့် လူတစ်ဦး ဖမ်းဆီးခံရ

ကျောက်ဖြူတွင် စိတ်ကြွဆေးပြား (၄)ပြားနှင့် လူတစ်ဦး ဖမ်းဆီးခံရ
by -
နိရဥ္စရာ
ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ရတနာထွန်း တည်းခိုခန်းတွင် တည်းခိုနေထိုင်သူ တစ်ဦး စိတ်ကြွဆေးပြား (၄) ပြားနှင့် အတူ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ်၊ ဆတ်ကျပြင်ကျေးရွာမှ အောင်မျိုးထွန်း(ခ)အောင်ချေ (၃၄) နှစ် ဖြစ်ပြီး ဇွန်လ(၇)ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က တည်းခိုခန်းတွင် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

8102ed Vကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေ ၀ရမ်း အမှတ်(၄/၂၀၁၆)ဖြင့် အမှတ်(၄၈) မူးယစ် တပ်ဖွဲ့စုမှ ရဲအုပ်သက်လှိုင်၊ တပ်ကြပ်ကြီးကျော်ဝင်းနှင့် ကျောက်ဖြူမြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ရဲထွန်း ဦးစီးသောနယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းကူမှ ရဲအုပ် စိုးကြည်၊ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ အနောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသီဟတိုနှင့် အတူ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ရတနာထွန်း တည်းခိုးခန်း အမှတ်(၅)ကို ၀င်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးတွေ့ရှိ ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက  ပြောသည်။

အိပ်ရာဘေးမှာတွဲထားသော ၎င်း၏ဂျင်းဘောင်းဘီအိတ်ကပ်ထဲမှာ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂)ပြားနှင့် အိပ်ရာခေါင်းရင်းစားပွဲပေါ်တွင် ၎င်းပိုင်ဆိုင်သော လိပ်ကျောက် တံဆိပ်ပါ အနက်ရောင်ပိုက်ဆံအိပ်အတွင်းမှ WYစာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား (၂)ပြား အပါအဝင် စုစုပေါင်း (၄)ပြားဖမ်းဆီးရမိကြောင်း ရဲအရာရှိက ဆက်လက် ပြောကြားသည်။

အဆိုပါအမှုအား ကျောက်ဖြူမြို့မရဲစခန်း၏ မယ(ပ)၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ-၁၅/၁၆(ဂ)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ကျောက်ဖြူမြို့မရဲစခန်းမှ ရဲအုပ်ရဲထွန်းမှ အမှုစစ် အဖြစ် ဆောင်ရွက်ကာ ကွင်းဆက်တရားခံများအား မူးယစ်တပ်ဖွဲ့စု(၄၈)နှင့် ပူးပေါင်း  ဖော်ထုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...