Published
Monday, May 23, 2016
မုန်တိုင်းကြောင့် ဘင်္ဂလာဒေ့ရှ်တွင် လူပေါင်း ၂၀ သေဆုံး
ယနေ့ ညနေပိုင်း ၀င်ရောက်တိုက်ခတ်သွားခဲ့သော ရွန်နု ဆိုင်ကလုန်မုန်တိုင်းကြောင့် ဘင်္ဂလာဒေ့ရှ်တွင် လူပေါင်း ၂၀ သေဆုံးပြီး ၁၀၀ ဒဏ်ရာရကာ လေးယောက် ပျောက်ဆုံးနေကြောင်း ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ပြောသည်။
သေဆုံးသူများမှာ စစ်တကောင်းမှ ၁၁ ဦး၊ ကော့စ်ဘဇားနှင့် ဘိုလာမြို့ (Bhola) မှ ၃ ဦးစီ၊ နဝါခါလီမှ ၂ ဦးနှင့် ပါတဝါခါလီမှ တစ်ဦးတို့ ဖြစ်ကြသည်။
ယခုအခါ ရွန်နု ဆိုင်ကလုန် မုန်တိုင်းမှာ အားပျော့သွားပြီး ကုန်တွင်းပိုင်းသို့ ၀င်ရောက်သွားကာ စစ်တကောင်း (ဖေနီ)၊ ခါကာဆိုရီနှင့် အိန္ဒိယ နိုင်ငံ ထရိပူရသို့ ဖြတ်ကျော် ၀င်ရောက်သွားသည်ဟု သိရသည်။







