Published
Sunday, May 08, 2016
ကချင်ဘာသာ အစီအစဉ် (မေ ၈၊ ၂၀၁၆)
ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရတပ်မတော်တို့အကြား မေလဆန်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
ကချင်တိုင်းရင်းသားများအရေးအရာ နဲ့ပတ်သက်တဲ့ စုံညီဆွေးနွေးပွွဲကို မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
ဖားကန့်ဒေသကို ရောက်ရှိခဲ့တဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဦးအုန်းဝင်း က ဖားကန့်ဒေသအတွင်းက သဘာဝသယံဇာတများကို စနစ်တကျနဲ့ ထုတ်ယူရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်မယ့်အခြေအနေတွေ ချပြတဲ့ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။






